သမိုင်းဝင် အဆောက်အအုံပင် ချမ်းသာမပေးချင်

  • 19 အောက်တိုဘာ 2011
secretariat ဓာတ်ပုံ မူပိုင် MM
Image caption ဝန်ကြီးများရုံး ခေါ် အတွင်းဝန်ရုံး

မြန်မာနိုင်ငံမှာ ကိုလိုနီခေတ် အဆောက်အဦး တွေ အပါအဝင် ရှေးဟောင်း အဆောက်အဦး တွေ ကို ဟိုတယ် အသွင် ပြောင်းဖို့ မြန်မာ့ခရီးသွား လုပ်ငန်းဘုတ်အဖွဲ့ ကနေ တဆင့် အစိုးရပိုင်းက လုပ်ဆောင်နေပါတယ်။

ဒီအစီအစဉ်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေ လုပ်ကြံခံရတဲ့ အရင် အတွင်းဝန်ရုံး ခေါ် ဝန်ကြီးများရုံးလည်း ပါဝင် ပါတယ်။ ဒါကြောင့်မို့ သမိုင်းဝင် အဆောက်အဦး တွေ ကို နောင်လာနောက်သား တွေ လေ့လာခွင့် ရအောင် ထိန်းသိမ်းထားသင့်ကြောင်း မြင်သူတွေရှိနေ ကြပါပြီ။

မနေ့က ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ရဲ့ ၄၉ နှစ် ပြည့် မွေးနေ့ အခန်းအနားမှာ သီဆို ဂုဏ်ပြုသူ အဆိုကျော် အနဂ္ဂ က ဆိုရင်၊ သမိုင်းဝင် အထောက်အထား တွေကို အစိုးရ အပါအဝင် မြန်မာ့ လူမှု အသိုင်းအဝိုင်း က အလေးထားသင့်ကြောင်း ပြောသွားပါတယ်။

စာရေးဆရာ ဒါရိုက်တာ ချိုတူးဇော် ကလည်း မြို့တမြို့ရဲ့ သက်တမ်းကို ရှေးဟောင်း သမိုင်းဝင် အဆောက်အဦး တွေ နဲ့ ဖေါ်ပြလေ့ ရှိသလို သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့ အနေနဲ့ လည်း ပြည်သူ့ သဘောထားရယူ ပြီးမှ ဆုံးဖြတ်ချက် ချသင့်ကြောင်း ဘီဘီစီ ကို ပြောပြပါတယ်။