DKBA ပူးပေါင်းတပ်တွေ လက်ချက်နဲ့ အစိုးရ စစ်သား ၁၃ ဦးသေ

  • 22 အောက်တိုဘာ 2011
Image caption အခုလထဲမှာ တိုက်ပွဲငယ်ပေါင်း အကြိမ် (၄၀) ထက် မနည်း ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်

တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်မတော် DKBA၊ ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ ABSDF ကျောင်းသား တပ်မတော် ပူးပေါင်း တပ်ဖွဲ့ တွေက အစိုးရ စစ်တပ် ခမရ (၂၀၅) တပ်ဖွဲ့ကို သောကြာ နေ့ည ၇ နာရီ ၁၅ မိနစ်မှာ ဆွဲမိုင်းနဲ့ တိုက်ခိုက်ရာ၊ အစိုးရဘက်က (၁၃) ဦး ကျဆုံးပြီး (၄) ဦး ဒဏ်ရာ ရရှိ သွားတယ် လို့ DKBA ပူးပေါင်းတပ်ဖွဲ့က ပြောဆိုလိုက် ပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့နယ် သေ့ပေါ်ဘိုးရွာ နဲ့ တောင်နီကျေးရွာကြားမှာ လှုပ်ရှားနေတဲ့ အစိုးရ တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၅) တပ်ရင်းကို ပူးပေါင်းတပ်ဖွဲ့က ဆွဲမိုင်းနဲ့ ခွဲပြီး ချုံခို တိုက်ခိုက်လိုက်တာပါ။

အဲဒီတိုက်ပွဲမှာ KNU တပ်ရင်း (၁၀၃) တပ်ဖွဲ့ က ဆရာဖိုးလေး ဦးဆောင်ပြီးတော့ DKBA (၉၀၉) တပ်ဖွဲ့နဲ့ အတူ ABSDF ကျောင်းသားတပ်တွေ ပူးပေါင်းပြီး တိုက်ခိုက် လိုက်တာ ဖြစ်တယ်လို့ ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့မှ ပြောခွင့်ရသူ ရဲဘော် ဒဿက ပြောပါ တယ်။ ကျဆုံးတဲ့ သူတွေထဲမှာ ဗိုလ်မှူးလစာနှင့် ဗိုလ်ကြီးတဦးအပါ၀င် အရာခံဗိုလ်တဦးနှင့် တပ်ကြပ်ကြီး (၂) ဦးလည်း ပါဝင်တယ်လို့ ဆိုပေမဲ့ သီးခြား အတည်ပြုချက်တော့ မရ သေးပါဘူး။

မြဝတီမြို့နယ် တောင်ဘက်ခြမ်းဒေသကို အစိုးရကနေ တပ်ရင်း (၁၂) ရင်း ကျော်သုံးပြီး ပြီးခဲ့တဲ့ သြဂုတ်လဆန်းကစလို့ အဆက်မပြတ် စစ်ဆင်နေတာ ဖြစ်တဲ့အတွက် အခုလ ထဲမှာ တိုက်ပွဲငယ်ပေါင်း အကြိမ် (၄၀) ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။