ဟောလိဝုဒ်မင်းသမီး မြန်မာနိုင်ငံခရီး

  • 25 အောက်တိုဘာ 2011
emma_thompson
Image caption ဟောလိဝုဒ်မင်းသမီး အယ်မာတော်မ်ဆင်

ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး အယ်မာတော်မ်ဆင် ဟာ Action Aid အင်ဂျီအို အဖွဲ့ နဲ့ မြန်မာနိုင်ငံ သွားတဲ့ အခါမှာ သူစကား ပြောခဲ့သူ တွေက မြန်မာ နိုင်ငံ မှာ ပြုပြင်ပြောင်းလဲမှု တွေ ရှိနေပြီ လို့ ပြောကြောင်း ဘီဘီစီကို ပြောပါတယ်။

သူစကား ပြောခဲ့တဲ့သူတွေ ထဲမှာ အစိုးရ အရာရှိ တွေနဲ့ရော ဒေါ်အောင်ဆန်းစုကြည် အပြင်၊ အရပ်သား အဖွဲ့အစည်းတွေ၊ နိုင်ငံရေး အကျဉ်းသား ဟောင်းတွေ ပါဝင် ပုံ ကိုလည်း အယ်မာ က ပြောပြပါတယ်။

သမ္မတ ဦးသိန်းစိန် ဟာ ပြုပြင်ပြောင်းလဲမှု ကို လိုလားသူ တယောက် ဖြစ်လို့ Action Aid အဖွဲ့ အနေနဲ့လည်း ကူညီမှုတွေ ပြုလိုပုံ၊ အဲဒီလို မကူညီကြရင် အာဏာရှင် လက်အောက်က လွတ်မြောက်လာ ကြတဲ့ တခြားနိုင်ငံတွေ မှာလို ပရမ်းပတာ ဖြစ်သွားနိုင်တယ် လို့ အယ်မာ က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တော့ နိုင်ငံရေး အရ လှုပ်သာ ရှားသာတဲ့ နေရာ တနေရာ ရှိနေပြီ လို့ ယူဆရပါတယ်။ သူ့စကား အရ ပြောရရင် အဲဒီ နေရာကို မှန်မှန် ကန်ကန် နဲ့ လိုအပ်တဲ့ အချိန်မှာ ဝင်ယူနိုင်မယ် ဆိုရင်တော့ ပိုပြီး ချဲ့ထွင်သွားနိုင် မယ်လို့ ဆိုပါတယ်။

အဲဒီနေရာကပဲ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ အဖြေတခု ရဖို့လိုသလို တိုင်းရင်းသား အရေး မပြေလည်ရင် ဒီမိုကရေစီလည်း အခြေတည်လို့ မရနိုင်တဲ့ အကြောင်းနဲ့ မှားယွင်းတဲ့ သြဇာ သက်ရောက်မှု တွေ လည်း ဒေါ်အောင်ဆန်းစုကြည်က မလိုလား တဲ့ အတွက် သတိ နဲ့ ယှဉ်တဲ့ အပြုသဘော ဆောင်တာ ကို မြင်ခဲ့တဲ့ အကြောင်း အယ်မာတော်မ်ဆင် က ဘီဘီစီ ကိုပြောပါတယ်။