သတ္တုတွင်း ဌာနက ရွှေတူးခွင့် ပိတ်လိုက်ပေမယ့် ဆက်တူးမှု ရှိနေ

  • 26 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် bbc burmese
Image caption ရွှေကျင်ဖက်မှာ ရေပိုက်တွေထိုးပြီး ရွှေကျင်နေတုန်းဘဲ

မြစ် ချောင်းတွေ ပျက်ဆီးမှာကို ကာကွယ်ဖို့ အတွက် မြစ်ချောင်း ရွှေတူးဖေါ်တာကို သတ္တုတွင်း ဝန်ကြီးဌာနက ပိတ်ပင် လိုက်တယ်လို့ အစိုးရ မီဒီယာ တချို့မှာ ပြောကြား သွားပါတယ်။

တချို့နေရာတွေမှာ ရွှေတူးတာတွေ ပိတ်လိုက်ပြီ ဖြစ်ပေမယ့် တချို့နေရာတွေ မှာတော့ ရွှေတူးတာတွေ ဆက်လုပ်နေတုန်းလို့ သိရပါတယ်။

ဧရာဝတီ မြစ် အဖျားကရွှေတူးတဲ့ လုပ်ငန်းတွေတော့ ပိတ်လိုက်လို့ အလုပ်သမားတွေတောင် နေရပ်ပြန်တာကိုတွေ့တယ်လို့ မြစ်ကြီးနားမြို့ခံ တယောက်က ပြောပါတယ်။

တရားဝင် လုပ်တဲ့သူတွေက လုပ်ငန်း ရပ်လိုက်တာ ရှိပေမယ့်လည်း ပဲခူးတိုင်း ရွှေကျင်မြို့နယ်က တရားမဝင် ရွှေတူး နေတာကတော့ လုပ်နေတုန်းဘဲလို့ ရွှေတူးတဲ့ လုပ်ငန်းကို စောင့်ကြည့် နေသူတစ်ဦးက ပြောပြပါတယ်။

အရင်တုန်းကလည်း ရွှေတူးတဲ့လုပ်ငန်းတွေကို အစိုးရက ပိတ်ပင်တာရှိ မယ့်လည်း ယာယီရပ်ဆိုင်းတဲ့ အနေအထားသာ ဖြစ်ခဲ့လို့ အခုပိတ်ပင်မှုက အမြဲပိတ်တာမျိုး ဖြစ်ပါ့မလားလို့ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။