လယ်မြေသိမ်းမှု ဆန္ဒပြသူများ အာမခံရ

  • 28 အောက်တိုဘာ 2011
လယ်သမားအခွင့်အရေး ဆန္ဒပြနေကြစဉ် ဓာတ်ပုံ မူပိုင် Reuters
Image caption လယ်သမားအခွင့်အရေး ဆန္ဒပြနေကြစဉ်

လယ်သမား အခွင့်အရေး ဆောင်ရွက်နေတဲ့ ရှေ့နေ ဦးဖိုးဖြူအပါအဝင် လယ်မြေ သိမ်းမှုအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြသူ ၇ယေက်ကို ရဲတပ်ဖွဲ့က တရားဥပဒေနဲ့ မညီဘဲ စုဝေးမှုနဲ့ စွဲချက်တင်လိုက်ပါတယ်။

အဲဒီနောက် အာဏာပိုင်တွေက ဥပဒေနဲ့အညီ နေကြဖို့ ကောင်းကောင်း မွန်မွန် ပြောဆိုပြီး အာမခံနဲ့ပြန်လွှတ်လိုက်တယ်လို့ လယ်သမား လှုပ်ရှားသူတွေနဲ့ နီးစပ်တဲ့သတင်း ရပ်ကွက်က ပြောပါတယ်။

လယ်သမား၃၀ ကျော်တို့ဟာ နိုင်ငံတော်က လယ်ယာမြေ သိမ်းခွင့်ရှိတယ်ဆိုတဲ့ ဥပဒေကို မကျေနပ်လို့ အိုးအိမ်ရုံးချုပ်ရှေ့မှာ ကြာသပတေးနေ့က ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။

လယ်မြေအသိမ်းခံရတဲ့ လယ်သမားတွေ လျော်ကြေးပေးတာနည်းလို့ လွှတ်တော်ကို တင်ပြပေမဲ့ ဘာမှ ဆောင်ရွက် မပေးလို့ အခုလို တောင်းဆို ဆန္ဒပြကြတာလို့ သိရပါတယ်။