SSA နဲ့ အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးတော့မလား

  • 28 အောက်တိုဘာ 2011
ssa_ ဓာတ်ပုံ မူပိုင် SHAN
Image caption ရှမ်းပြည် တပ်မတော်

မြန်မာအစိုးရ နဲ့ တခါမှ အပစ်အခတ် ရပ်ဆဲမှု မလုပ်ခဲ့တဲ့ SSA တောင်ပိုင်း လို့ လူသိများတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်တဲ့ ရှမ်းပြည် ပြန်လည် ထူထောင် ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် RCSS/SSA ဟာ အခုတလောမှာ ထိုင်းအာဏာပိုင် တွေရော၊ ရှမ်းပြည်သူ့စစ် အဖွဲ့ တို့ရဲ့ ကြားဝင် ဆောင်ရွက် ပေးမှု ကြောင့် မြန်မာ အစိုးရ နဲ့ ပထမဆုံး အကြိမ် အဖြစ် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ပြင်ဆင်နေတဲ့ သတင်း ထွက်နေပါတယ်။

အဆိုပါ ဆွေးနွေးပွဲ နဲ့ ပတ်သက်ပြီး ရှမ်းပြည်လူထု ရဲ့ ဆန္ဒသဘောထား လည်း ပြီးခဲ့တဲ့ သီတင်းပတ်က စပြီး ကောက်ယူခဲ့ပါတယ်။ ဆွေးနွေးပွဲ အခြေအနေ နဲ့ ပတ်သက် လို့တော့ SSA ရဲ့ ပေးစာ ကို မြန်မာအစိုးရ က အကြောင်း မပြန်သေးတဲ့ အကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်ဆစ် က ဘီဘီစီ ကို ပြောပါတယ်။

မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန် က အစိုးရ အနေနဲ့ အဖွဲ့အစည်းတိုင်း နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ပြုလုပ် လိုတယ်လို့ မကြာခင်က ကြေငြာချက် ထုတ်ပြန်တာကို ကြိုဆို တဲ့ အနေနဲ့ SSA ဖက်ကလည်း ဆွေးနွေးမှု ပြုဖို့ အကြောင်းကြားတဲ့ အကြောင်း၊ ဗိုလ်ချုပ်ယွက်ဆစ် က ရှင်းပြပါတယ်။

အခုဆိုရင် SSA တောင်ပိုင်း၊ မြောက်ပိုင်း ဆိုတာလည်း မရှိတော့တဲ့ အတွက် SSA မြောက် အနေနဲ့ ဆွေးနွေးလည်း အားလုံးကို ကိုယ်စားပြုတာမို့ လက်ခံနိုင်ပုံ ကို ပြောပြပါတယ်။

နိုင်ငံရေးနဲ့ ပတ်သက်ရင် ဘယ်အဖွဲ့အစည်း နဲ့ ပဲ၊ ဆွေးနွေး မြန်မာ့ နိုင်ငံရေး ဟာ တခုတည်းနဲ့ ဆွေးနွေး လို့ မရတဲ့ အကြောင်း၊ အဖွဲ့အစည်း တိုင်း တစုတစည်း နဲ့ ဆွေးနွေး မှ ဖြေရှင်းနိုင်မှာ ဖြစ်ပုံ၊ စစ်ရေး အရတော့ သီးခြားစီ ဆွေးနွေး ရမှာ ဖြစ်တဲ့ အကြောင်း၊ ဗို်ချုပ် ယွက်ဆစ်က ဘီဘီစီ ကိုပြောပြ ပါတယ်။