NLD ပြန်လည် မှတ်ပုံတင်မှာလား

  • 29 အောက်တိုဘာ 2011
nldhqs
Image caption အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်

မြန်မာ နိုင်ငံမှာ ကျင်းပတဲ့ လွှတ်တော် နှစ်ရပ်ပေါင်း ကနေ နိုင်ငံရေး ပါတီ ဆိုင်ရာ မှတ်ပုံတင် တဲ့ ဥပဒေ နဲ့ ပတ်သက်ပြီး ပြင်ဆင် အတည်ပြုပေး ခဲ့ပြီး တဲ့နောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ရွေးကောက်ပွဲ ဝင်ရေး အတွက် ပြန်လည် မှတ်ပုံတင် မလား ဆိုတဲ့ အချက်ဟာ အများ စိတ်ဝင်စား ဖွယ်ရာ ဖြစ် ပါ တယ်။

ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်း က နိုင်ငံရေးပါတီ ဆိုင်ရာ မှတ်ပုံတင် ဥပဒေ ကို ပြင်ဆင်သတ်မှတ် ပေးတဲ့ ဥပဒေ အတည်ပြု ချက် ထွက်လာရင် NLD အနေ နဲ့ မှတ်ပုံတင် ဖွယ်ရှိတယ် လို့ သူ့ ကိုယ်ပိုင် သဘောထား အမြင် ကို ဘီဘီစီ ကို ပြောပြပါတယ်။

အန်အယ်လ်ဒီ ဥက္ကဌ ဦးတင်ဦး ရဲ့ အမြင်ကတော့ ဗဟိုအလုပ် အမှုဆောင် နဲ့ ဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက် အရ ပြန်လည်မှတ်ပုံတင်ရေး ကိစ္စ ကို ပြောမယ် လို့ ဘီဘီစီ ကို ပြောခဲ့ပါတယ်။

ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင် ရဲ့ သဘောထား အမြင်ကို မေးကြည့်ရာမှာ တော့ အန်အယ်လ်ဒီ ဟာ မူလ ကတည်းက နိုင်ငံရေး ပါတီ ဖြစ်တယ်၊ မြေအောက် အဖွဲ့အစည်း လည်းမဟုတ်၊ ပြည်ပ ရောက် အဖွဲ့ လည်း မဟုတ်၊ ၁၉၉ဝ ရွေးကောက်ပွဲ မှာလည်း အနိုင်ရ တဲ့ ပါတီမို့ နိုင်ငံရေးပါတီ အဖြစ် ရပ်တည်ပြီး ဖြစ်ကြောင်း ရှင်းပြ ပါတယ်။

အစိုးရ အနေ နဲ့ ၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေ ကို ကာကွယ် စောင့်ရှောက်ရမယ် ဆိုတဲ့ အစား လေးစား လိုက်နာ ရမယ် ဆိုတဲ့ ဝေါဟာရ ပြောင်းလဲ တာမျိုးကို ပျော့ပျောင်း လာတယ် လို့ထင်မှတ် ရပုံ၊ ဒါပေမယ့် ဘယ်လောက်အထိ ပျော့ပျောင်း မယ် ဆိုတာ သိလို သေးပြီး သေချာ သိပြီးမှ ဒီကိစ္စ ကို ဆုံးဖြတ်မှာ ဖြစ်ကြောင်း ဘီဘီစီ ကို ပြောပြ ပါတယ်။

ဒါကြောင်မို့ ပါတီ မှတ်ပုံတင်ရေး ကို တဦးတယောက်ရဲ့ သဘောထား အမြင် နဲ့ မပြောလိုတဲ့ အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ပြောသလို ပါတီ အလုပ် အမှုဆောင် အစည်း အဝေးမှာ ချပြီး ဆုံးဖြတ် ရမယ့် အရေးကိစ္စ ဖြစ်ကြောင်း ဦးဝင်းတင် က ဘီဘီစီ ကို ပြောပြ ပါတယ်။