ဒီကေ ဘီအေနဲ့ အစိုးရ ဆွေးနွေး

  • 31 အောက်တိုဘာ 2011

ဒီကေ ဘီအေ ခေါ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် ဗုဒ္ဓဘာသာ အဖွဲ့ နဲ့ မြန်မာ အစိုးရ ကိုယ်စားလှယ် အဖွဲ့တို့ ဆွေးနွေး ခဲ့ကြ ပါတယ်။

ဓာတ်ပုံ မူပိုင် bbc
Image caption ဗိုလ်မှူး စောလာဖွယ် ခေါင်းဆောင်တဲ့ ဒီကေ ဘီအေ နဲ့ အစိုးရတို့ ဆွေးနွေး ခဲ့ကြ

ဗိုလ်မှူးချုပ် စောလာဖွယ် ဦးဆောင်တဲ့ ဒီကေ ဘီအေ တပ်ဖွဲ့ တွေနဲ့ မြန်မာ အစိုးရရဲ့ ငြိမ်းချမ်းရေး ကောင်စီတို့ ကြားမှာ အပစ် အခတ် ရပ်စဲရေး အတွက် ပဏာမ ဆွေးနွေး ခဲ့ကြ တယ်လို့ သိရ ပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက အတွင်း ရေးမှူး အဖွဲ့ဝင် တစ်ယောက် ဖြစ်တဲ့ ဦးသိန်းဇော် ဦးဆောင်တဲ့ အဖွဲ့နဲ ဒီကေ ဘီအေ ဒုတိယ ဦးစီးချုပ် ဗိုလ်မှူး မိုရှေး ဦးဆောင်တဲ့ အဖွဲ့ တို့က ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက် နေ့က တွေ့ဆုံ ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲရဲ့ အဓိက ရည်ရွယ်ချက်က အပစ် အခတ် ရပ်စဲရေး သက်သက် ဖြစ်တယ်လို့ ဒီကေ ဘီအေ ပြောခွင့် ရသူ ဗိုလ်မှူး စန်းအောင်က ပြောပါတယ်။

ပဏာမ ဆွေးနွေးတဲ့ အထဲမှာ ဒီကေဘီအေတပ် နေရာ ချထားရေး၊ မြို့ပေါ် ဆက်ဆံရေး ရုံးများ ထားရှိ ရေးနဲ့ တပ်ဖွဲ့ အချင်းချင်း ဆက်သွယ်ရေးတို့ ပါဝင် ပါတယ်။

အပစ်အခတ် ရပ်စဲမယ့် အချိန် ကိုတော့ လာမယ့် တွေ့ဆုံ ဆွေးနွေးပွဲ ကျမှ ဆုံးဖြတ် ကြမယ်လို့ ဆိုပါတယ်။

ဗိုလ်မှူးချုပ် စောလာဖွယ် ဦးဆောင်တဲ့ ဒီကေ ဘီအေ တပ်ဖွဲ့ဟာ အစိုးရရဲ့ နယ်ခြား စောင့်တပ် အစီ အစဉ်ကို လက်မခံတဲ့ အ တွက် ၂၀၁၀ ရွေးကောက်ပွဲ ပြီးချိန် မှာ မြဝတီ မြို့ကို ဝင်သိမ်း ထားရာက အစိုးရနဲ့ ပြန်လည် တိုက်ခိုက် လာခဲ့ကြ တာဖြစ် ပါ တယ်။