ကျောင်းသား တပ်မတော် မြောက်ပိုင်း ပြန်ဖွဲ့

  • 1 နိုဝင်ဘာ 2011

အေဘီအက်စ် ဒီအက်ဖ် ကျောင်းသား တပ်မတော် မြောက်ပိုင်း စခန်းသစ် ဖွင့်ပွဲကို ကေအိုင်အို ကချင် လွတ်လပ် ရေး အဖွဲ့ ဌာနချုပ်ရှိရာ လိုင်ဇာ အနီးမှာ ပြုလုပ်ခဲ့ ပါတယ်။

Image caption ABSDF ကျောင်းသား တပ်မတော်ကို ၁၉၈၈ က စတင် ဖွဲ့စည်းခဲ့

ဒီကနေ့ ကျရောက်တဲ့ အေဘီအက်စ် ဒီအက်ဖ် ထူထောင်ခြင်း ၂၃ နှစ်မြောက် အခမ်း အနားနဲ့ အတူ စခန်းသစ် ဖွင့်ပွဲကျင်းပခဲ့တာ ဖြစ်ပါတယ်။

ပင်မ အေဘီအက်စ် ဒီအက်ဖ် ကျောင်းသား တပ်မတော် အဖွဲ့နဲ့ အတူ မြန်မာ နိုင်ငံ ကချင်ပြည်နယ် အတွင်းမှာလည်း အေဘီအက်စ် ဒီအက်ဖ် ( မြောက်ပိုင်း) ဆိုတဲ့ ကျောင်းသား တပ်မတော် မရှေးမနှောင်း ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါပေမဲ့ ကေအိုင်အိုက အစိုးရနဲ့ အပစ် အခတ် ရပ်စဲပြီးတဲ့ နောက်ပိုင်း ၁၉၉၇ ခုနှစ် လောက်က စပြီး အေဘီအက်စ် ဒီအက်ဖ် ( မြောက်ပိုင်း) ရဲ့ အသံတွေ တိမ်မြုပ် ပျောက်ကွယ် နေခဲ့ပါတယ်။

အေဘီအက်စ် ဒီအက်ဖ် ( မြောက်ပိုင်း) စခန်းသစ် ဖွင့်ပွဲကို ကေအိုင်အို အရာရှိတွေလည်း တက်ရောက်ခဲ့ပါတယ်။