ကန် သံတမန်တွေ ဒီနေ့ ရန်ကုန် ရောက်မည်

  • 1 နိုဝင်ဘာ 2011
Mitchell ဓာတ်ပုံ မူပိုင် AP
Image caption အမေရိကန် အထူး ကိုယ်စားလှယ် ဒီနေ့ ရန်ကုန် ရောက်မည်

မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ် ဒဲရက် မစ်ချဲနဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးတို့ဟာ ဒီကနေ့မှာ လေးရက်ကြာ ခရီး လာရောက် မှာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံဆိုင်ရာ ကုလ အတွင်းရေးမှုးချုပ်ရဲ့ အထူး ကိုယ်စားလှယ် ဗီဂျေ နမ်ဘီယာဟာ မနေ့က မြန်မာနိုင်ငံကို ရောက်ရှိလာပြီး သူ့ခရီး ဟာ ငါးရက်ကြာမြင့်မှာ ဖြစ်ပြီး အစိုးရ ထိပ်တန်း ကိုယ်းစားလှယ်တွေနဲ့ တွေ့မှာ ဖြစ်ပါတယ်။

ရန်ကုန်က ကုလသမဂ္ဂ ပြန်ကြားရေး အရာရှိက နမ်ဘီယာ မနေ့ မနက်က ရန်ကုန်ကို ရောက်လာပြီး နေပြည်တော်မှာ အစိုးရ ကိုယ်စားလှယ်တွေနဲ့ တွေ့မယ်လို့ အတည်ပြု ပြောခဲ့ပါတယ်။

နမ်ဘီယာ လာတဲ့ သီတင်းပတ်မှာ အမေရိကန်က ထိပ်တန်း အစိုးရ ကိုယ်စားလှယ် နှစ် ယောက်လည်း မြန်မာနိုင်ငံကို လာဖို့ ရှိပါတယ်။

ခုခရီးစဉ်ဟာ မစ္စတာ မစ်ချဲရဲ့ နှစ်လအတွင်း သုံးခေါက်မြောက် ခရီးစဉ်လည်း ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံဟာ မြန်မာ အစိုးရနဲ့ ဆက်ဆံရေး ပြန်ထူထောင်ချင် နေသလို မြန်မာ အနေနဲ့လည်း ဒေသတွင်း နိုင်ငံကြီးတွေရဲ့ သြဇာ အာဏာစက် စိုးမိုးမှု ပြိုင်ပွဲမှာ အရေးပါတဲ့ ကဏ္ဍက ပါဝင်နိုင်တယ်လို့ မြန်မာ့ အရေး လေ့လာ သုံးသပ်သူတွေက ဝေဖန် မှတ်ချက် ပေးပါတယ်။