ပြည်ထောင်စုလွှတ်တော် အဆိုကိုပြည်သူ့လွှတ်တော်ဖျက်

  • 2 နိုဝင်ဘာ 2011
_hluttaw_ ဓာတ်ပုံ မူပိုင် ap
Image caption ပြည်သူ့လွှတ်တော်

ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုထားတဲ့ အဆိုဟာ ဉပဒေမူကြမ်းကို ဖွဲ့စည်းပုံ အခြေခံ ဉပဒေ နဲ့ ညီမညီ စမ်းစစ် ပေးဖို့ ဖွဲ့စည်းပုံ ခုံရုံးကို ပေးပို့ပြီး စီစစ် ရမယ့် အချက်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာ နေ့က ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုခဲ့တဲ့ အဆိုဟာ လွှတ်တော် လုပ်ထုံး လုပ်နည်းနဲ့ မညီညွတ်သလို ဖွဲ့စည်းပုံ အခြေခံ ဉပဒေ နဲ့ လည်း မကိုက်ညီလို့ ပယ်ဖျက်ပေးဖို့ ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေး ဆိုင်ရာ ကော်မတီ က ဒေါက်တာဦးစိုးရီ က အဆိုတင်သွင်းခဲ့တါပါ။

ဖွဲ့စည်းပုံ အခြေခံ ဉပဒေမှာ ဖေါ်ပြထားတာက ဖွဲ့စည်းပုံခုံရုံး ရဲ့ တာဝန်က လွှတ်တော်က အတည်ပြုပြီးတဲ့ ဉပဒေ ကို သမ္မတ က လက်မှတ်ရေးထိုးပြီး ပြဌာန်းလိုက်တဲ့ ဉပဒေ ကို လက်တွေ့ ကျင့်သုံးရာမှာ အငြင်းပွားစရာ ဖြစ်လာမှသာ ဖွဲ့စည်းပုံ ခုံရုံးက စီစစ်ပြီး အဆုံးအဖြတ် ပေးရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့် ရဲ့ ဆုံးဖြတ်ချက် မှားယွင်းမှု အပေါ် ထောက်ခံဆွေးနွေး တဲ့ သင်္ဃန်းကျွန်း မြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးသိန်းညွန့် ကလည်း ဉပဒေကြမ်းတွေကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဉပဒေ ခုံရုံးက အဆုံးအဖြတ် ရယူ ရာမှာ သဘောတူသူ ရှိမရှိ ပြည်ထောင်စု လွှတ်တော် နာယက က မေးရ သလို၊ ကန့်ကွက်သူ ရှိမရှိ လည်း မေးရပုံ၊ အခု တော့ ပြည်ထောင်စု လွှတ်တော် နာယက သဘောတူတယ် ဆိုပြီး အတည်ပြု တဲ့ အတွက် လွှတ်တော် ကိုယ်စားလှယ် တွေ ရဲ့ အခွင့်အရေး ဆုံးရှုံး ပုံ ဘီဘီစီ ကို ရှင်းပြပါတယ်။