ဒီကေဘီအေ ရှင်းလင်းပွဲ

  • 5 နိုဝင်ဘာ 2011
sawhlapwe ဓာတ်ပုံ မူပိုင် bbc
Image caption ဗိုလ်မှူးချုပ်စောလှဖွယ်

ဗိုလ်မှူးချုပ် စောလှဖွယ် ဦးဆောင်တဲ့ ဒီကေဘီအေ တပ်ဖွဲ့ဟာ အပစ်အခတ် ရပ်စဲရေး ပေါ်လစီ နဲ့ ပတ်သက်ပြီး ကရင် ပြည်သူလူထု ဆန္ဒသဘောထား ကို သိရအောင် မြဝတီ မြို့နယ် သေဘောဘိုး ကျေးရွာ အုပ်စု ဝါမီထ ကျေးရွာ မှာ ရှင်းလင်းပွဲ ကျင်းပ ခဲ့ပါတယ်။

ဒီရှင်းလင်းပွဲကို ဒီကေဘီအေ အခြေခံ ဒေသဖြစ်တဲ့ မြဝတီ တောင်ဖက်ခြမ်း က ကရင်ကျေးရွာ ၇ ရွာက ကျေးရွာ ဉက္ကဌ တွေနဲ့ ကျေးရွာလူထု သုံးဆယ်ကျော် တက်ရောက်တဲ့ အကြောင်း၊ ရွာလူထု တွေ ဘက်က အကြံပြုတာ ကလည်း စစ်ဆင်ရေးကြောင့် လူထု ရဲ့ စားဝတ်နေရေး ထိခိုက် နေပြီဖြစ်လို့ ငြိမ်းချမ်းရေး လိုချင်တဲ့ အကြောင်း၊ ဒါပေမယ့် လက်နက်ချခိုင်း တာ မဟုတ်တဲ့ အကြောင်း တောင်နီ ရွာသူကြီး က ဘီဘီစီ ကို ပြောပြ ပါတယ်။

အခုလို ရှင်းလင်းပွဲ ပြုလုပ်တာကို အစိုးရ တပ်ဖွဲ့ဆီ အကြောင်းကြား ပြီးမှ သူတို့ရဲ့ ခွင့်ပြုချက်နဲ့ လုပ်ရတဲ့ အကြောင်းလည်း ဘီဘီစီ ကို ရှင်းပြပါတယ်။

ဗိုလ်မှူးချုပ် စောလှဖွယ် ဦးဆောင်တဲ့ ဒီကေဘီအေ တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့ က တကြိမ် နဲ့ နိုဝင်ဘာ ၃ ရက် နေ့ က တကြိမ်၊ မြန်မာ အစိုးရ အာဏာပိုင်တွေ နဲ့ နှစ်ကြိမ် တွေ့ဆုံ ဆွေးနွေးပြီး အပစ်အခတ် ရပ်စဲရေး ကို လက်မှတ်ရေးထိုး ခဲ့တာပါ။

အဆိုပါ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် အသေးစိပ် ကို နိုဝင်ဘာ လ ၆ ရက်နေ့မှာ ထုတ်ပြန်မယ် လို့ ဒီကေဘီအေ ဖက်ကလည်း ကြားသိရပါတယ်။