မြန်မာ နိုင်ငံက အပြောင်းအလဲတွေ ကန်ကြိုဆို

  • 5 နိုဝင်ဘာ 2011
Derek Mitchell ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာ နိုင်ငံထဲက ပြုပြင် ပြောင်းလဲမှုတွေ အမေရိကန် ကြိုဆို

မြန်မာ နိုင်ငံထဲ မကြာခင်က တွေ့ရတဲ့ ပြုပြင် ပြောင်းလဲမှုတွေကို ကြိုဆိုတယ်လို့ မြန်မာ နိုင်ငံ ရောက်သွားတဲ့ အမေရိကန် ကိုယ်စားလှယ်တွေက ပြောပါတယ်။

မြန်မာ နိုင်ငံထဲ မကြာသေးခင်က စပြီးတွေ့ လာ ရတဲ့ ပြုပြင် ပြောင်းလဲမှုတွေကြောင့် အမေရိကန် မြန်မာ ဆက်ဆံရေး ဆက်လက် ကောင်းမွန်မယ့် အရေးကို အားတက်မိတယ်လို့ အမေရိကန် ထိပ်တန်း တာဝန်ခံတွေက ပြောပါတယ်။

မြန်မာ နိုင်ငံထဲမှာ အားတက်စရာ ခြေလှမ်းတွေ လက္ခဏာတွေ ရှိနေပြီး လက်ရှိ လုပ်ဆောင် ခဲ့တာတွေကို အသိ အမှတ်ပြုပြီး ဒီကနေ ရှေ့ဆက်ဖို့ လိုတယ်လို့ အမေရိကန် လက်ထောက် ကာကွယ်ရေး ဝန်ကြီး မိုက်ကယ် ပေါ့စနာက ပြောပါတယ်။

မိုက်ကယ် ပေါ့စနာဟာ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ် ဒဲရက် မစ်ချဲနဲ့ လိုက်ပါသွားပြီး ဒေါ်အောင်ဆန်း စုကြည်နဲ့လည်း တွေ့ခဲ့ပါတယ်။

လောလောဆယ် လယ်သမားတွေ အတွက် အသေးစား ငွေချေးရေး လုပ်ငန်းတွေ စလုပ်နေ တာကို တိုးချဲ့ရေး ကိစ္စတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့တယ်လို့ ဒဲရက် မစ်ချဲက ပြောပါတယ်။

မကြာခင်က နိုင်ငံရေး အကျဉ်းသား နှစ်ရာ ပြန်လွတ်လာတဲ့ ကိစ္စကိုလည်း အမေရိကန် ကိုယ်စားလှယ်တွေက ကြိုဆို ခဲ့ပါတယ်။