မြစ်ကြီးနားမှာ မီးမလာလို့ လူတွေ ခက်ခဲ

  • 8 နိုဝင်ဘာ 2011

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို လျှပ်စစ် ဓါတ်အား ဖြန့်ဝေပေး နေတဲ့ စက်ရုံကို လက်နက်ကြီး ကျည်ဆန် ထိမှန် ခဲ့တဲ့ အတွက် တစ်မြို့လုံး လျှပ်စစ် ဓါတ်အား ပြတ် တောက် နေတာ တစ်ပါတ် လောက် ရှိနေပြီလို့ မြို့ခံတွေက ဘီဘီစီကို ပြော ပါ တယ်။

Image caption သာယာ လှပတဲ့ ကချင် ပြည်နယ် အေးချမ်းရေး ဒေသ ခံတွေ လိုလား နေကြ

အဲဒီ စက်ရုံကို ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့က လည်ပတ် နေတာ ဖြစ်ပြီး လောလော ဆယ် တော့ မြန်မာ အစိုးရ စစ်တပ် ထိန်းချုပ်တဲ့ နယ်မြေ ထဲမှာ ရှိနေ ပါတယ်။

မီး မလာတဲ့ အတွက် ချက်ပြုတ် စားသောက်ရေး က အစ အစစ အရာရာ အခက် အခဲတွေ ရှိနေတယ် လို့လည်း ဒေသခံ တွေက ပြော ပါတယ်။

ကေအိုင်အေနဲ့ မြန်မာ စစ်တပ်ကြား တိုက်ပွဲတွေ ဖြစ်နေတဲ့ ဒေသ အတွင်းမှာ တည်ရှိတဲ့ အဲဒီစက်ရုံ ကို ထိမှန်တဲ့ လက်နက် ကျည်ဆန်ကို ဘယ်သူ ပစ်ခတ်ခဲ့တယ် ဆိုတာ အတိ အကျ မသိရသေး ပေမဲ့ ဒေသခံ ပြည်သူတွေ ကြားမှာ တော့ ခန့်မှန်း ပြောဆို မှုတွေ ရှိနေ ပါတယ်။

မြန်မာ အစိုးရ စစ်တပ် ဘက်က ကေအိုင်အေ အပေါ် ထိုးစစ်တွေ ဆင်လာခဲ့ ပြီးတဲ့ နောက်ပိုင်း ကချင် ပြည်နယ် အတွင်းမှာ မတည်မငြိမ် မှုတွေကြောင့် ပြည်သူတွေ ဒုက္ခ ရောက်ကြရတဲ့ အတွက် အေးဆေး တည်ငြိမ်လိုတဲ့ ဆန္ဒ ရှိကြတယ် လို့လည်း ဒေသခံ တွေက ဘီဘီစီကို ပြောကြ ပါတယ်။