ထောင်ထဲက အစာငတ်ခံ ဆန္ဒပြသူတွေ အတွက် ကင်တားနား စိတ်ပူ

  • 9 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် AP
Image caption လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်Tomás Ojea Quintana

လာမယ့် နိုဝင်ဘာ ၁၇ ရက်နေ့မှာ ကျင်းပမယ့် အာဆီယမ် အစည်းအဝေး မတိုင်ခင် မြန်မာနိုင်ငံမှာ ဒုတိယအကြိမ် လွတ်ငြိမ်း ချမ်းသာခွင့် ပေး လိမ့်မယ်လို့ အများ က မျှော်လင့် နေကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြ ထားပါတယ်။

အဲဒီ အစည်းအဝေးမှာ မြန်မာနိုင်ငံ ကို ၂ဝ၁၄ ခုနှစ်မှာ အာဆီယမ် အလှည့်ကျ ဥက္ကဌ ရာထူး ပေးရေး အတွက် အတည်ပြုလိမ့်မယ်လို့ ယူဆနေကြပြီး အဲဒီလို မြန်မာ အစိုးရ အာဆီယမ် ဥက္ကဌ ရာထူး ရသွားရင် စစ်တပ် ကျောထောက်နောက်ခံ ပေးထားတဲ့ အစိုးရသစ်ကို မှားယွင်းစွာ အသိအမှတ် ပြုရာ ရောက်သွားလိမ့်မယ် ဆိုတဲ့ စိုးရိမ်မှု တွေလည်း ရှိနေပါတယ်။

အမေရိကန် အစိုးရ ကတော့ ယုံကြည်ချက်ကြောင့် အကျဉ်းကျ နေသူတွေကို ပြန်လွတ်ပေး နေတာ ကို အားပေးခဲ့ပြီး ပြုပြင် ပြောင်းလဲရေးကို ပိုတိုး လုပ်ဆောင်ဖို့ တိုက်တွန်းသလို မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့ဖက်က တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကို စိုးရိမ် ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

အင်းစိန် အကျဉ်းထောင် ထဲမှာ ယုံကြည်ချက် ကြောင့် အကျဉ်းကျ နေသူ ၁၅ ယောက် အစာငတ်ခံ ဆန္ဒပြနေမှုနဲ့ ထောင် အာဏာပိုင်တွေက သူတို့ကို ရေတောင် သောက်ခွင့် မပေးတော့ဘဲ တချို့ကို ဆိုရင် တိုက်ပိတ် ထားတယ် ဆိုတဲ့ သတင်းတွေကြောင့် အလွန်အမင်း စိုးရိမ် ပူပန် မိကြောင်း ကုလသမဂ္ဂရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Tomás Ojea Quintana က အင်္ဂါနေ့ ပြောကြောင်း ကုလသမဂ္ဂ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။