ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ အိမ် ခြံမြေစျေးတွေ ထိုးတက်

  • 9 နိုဝင်ဘာ 2011
Image caption ရန်ကုန်မှာလည်း စီးပွားရေး လက်ဦးမှု ရယူလိုသူတွေကြောင့် အိမ်စျေးတွေတက်

မြန်မာနိုင်ငံက အဓိက မြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ အိမ်စျေး၊ မြေစျေးတွေ ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းမက တက်လာနေ တယ်လို့ စုံစမ်း သိရပါတယ်။

မန္တလေး မြို့ခံ အိမ်၊ ခြံ၊ မြေအကျိုးဆောင် လုပ်ငန်းရှင်တဦး ပြောပြတာကတော့ ကားစျေးကွက် ငြိမ်သွား တာကြောင့်၊ မြေစျေးကွက် ဘက်ကို လှည့်ကစား ကြတာ ဖြစ် တယ် လို့ ဆိုပါတယ်။

အခုဆိုရင် မြို့ပြင် ဘက် က မြေကွက်တွေဟာ နှစ်ဆလောက် တက်သွားကြောင်း အဲဒီ လုပ်ငန်းရှင် အမျိုးသမီးက ရှင်းပြပါတယ်။

မန္တလေး မြို့လယ် ဘက် မှာတော့ အရောင်းအဝယ် နည်းတယ် လို့ သိရ ပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ လနဲ့ချီနေပြီ ဖြစ်တဲ့ ရေဘေးကြောင့် အဲဒီက စက်ရုံတွေ မန္တလေးကို ရွှေ့နိုင်တဲ့အတွက် စက်မှုဇုံ မြေကွက်တွေကို စိတ်ဝင်စားမှု တွေ ရှိလာ နေတာ ဖြစ်တယ် လို့ လည်း သိရပါတယ်။

ရန်ကုန်မှာလည်း အရင်းအနှီး နဲ့ အပြောင်းအလဲ အတွက် လက်ဦးမှု ယူသူတွေ ရှိလာ နေတယ်လို့ အကျိုးဆောင် လုပ်ငန်း တခုမှ ဝန်ထမ်းတဦးက ပြောပါတယ်။

စီးပွားရေး အကွက်မြင်သူတွေကြောင့် ရန်ကုန်နဲ့ မန္တလေးက အိမ်စျေး၊ မြေစျေးတွေဟာ ခေါ်စျေးတွေ မြင့်တာရော၊ လက်သိပ်ထိုး အရောင်းအဝယ်တွေအပြင် အငှားအရမ်းတွေပါ ရှိနေတာ ကတော့ အသေအချာ ဖြစ်ပါတယ်။