မဟာမုနိဝင်းမှာ ဆန္ဒပြမှု ဖြစ်ပွား

  • 16 နိုဝင်ဘာ 2011
monk protest
Image caption တောင်းဆိုချက်တွေ ဝရံတာကနေ ချိတ်ဆွဲ ဆန္ဒပြ

မန္တလေး မဟာမုနိ ဘုရားကြီးဝင်းထဲမှာ မနေ့က သံဃာ ငါးပါး ဆန္ဒ ပြခဲ့ပါတယ်။

အကျဉ်းက သံဃာတော်တွေ လွတ်မြောက်ရေး၊ ပြည်တွင်းစစ် ရပ်စဲရေးနဲ့ လွတ်လပ်ခွင့်တွေ အတွက် ဘုရားကြီး ဝင်းထဲက မဟာ ဗုဒ္ဓဝင် ပြတိုက် ဝရန်တာကနေ စာတမ်းတွေ ချိတ်ဆွဲ ဆန္ဒ ပြခဲ့ကြ ပတယ်။

ညနေပိုင်းမှာတော့ တိုင်း သံဃ မဟာ နာယက အဖွဲ့က တာဝန် ရှိသူတွေ ရောက်လာပြီး ဆန္ဒပြမှု ရပ်ဖို့ လာရောက် ညှိနှိုင်း ခဲ့ပါတယ်။

ဆန္ဒပြ သံဃာ တပါးဟာ ဂျာမနီကနေ ရောက်လာတာလို့ သတင်း ရရှိပါတယ်။

သူတို့ တောင်းဆိုနေတဲ့ အချက်တွေ မရမချင်း ရတဲ့ နည်းလမ်းတွေသုံးပြီး အခွင့်ရ ရသလို ဆက်လက် တောင်းဆိုသွားမယ်လို့ ဆန္ဒပြ ကိုယ်တော် တပါးက ဘီဘီစီကို ပြောပြပါတယ်။

ဆန္ဒပြ ဆရာတော် ဦးမာဃနဲ့ ဆက်သွယ် မေးမြန်းခန်းကို ဒီနေ့ မနက်ပိုင်း ဘီဘီစီ အစီ အစဉ်မှာ နားဆင် နိုင်ပါတယ်။