မြန်မာ အာဆီယံ အစည်းအဝေး လုပ်ခွင့်ရ

  • 18 နိုဝင်ဘာ 2011
ASEAN ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာ နိုင်ငံ ၂၀၁၄ မှာ အာဆီယံ အစည်းအဝေး ကျင်းပခွင့် ရရှိ

၂၀၁၄ အာဆီယံ အဖွဲ့ရဲ့ အစည်းအဝေး မြန်မာနိုင်ငံမှာ ကျင်းပခွင့် ရသွားခဲ့ ပါတယ်။

မြန်မာ နိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းမှာ အရေးပါတဲ့ ခြေလှမ်းတွေ လှမ်းနေတယ်လို့ ပြောပြီး အစိုးရသစ်ရဲ့ ပြုပြင် ပြောင်းလဲရေး အစီအစဉ်တွေကို ထောက်ခံ ကြိုဆိုခဲ့ပါတယ်။

အမေရိကန် သမ္မတ အိုဘားမားကတော့ မြန်မာ နိုင်ငံဟာ ပြုပြင် ပြောင်းလဲရေး စကားပြောဖို့ လမ်းဖွင့်ခဲ့ပေမယ့် လူ့အခွင့် အရေး ကိစ္စတွေမှာ တိုးတက်မှု ရှိအောင် လုပ်ဖို့ လိုတယ်လို့ ဆိုပါတယ်။

အင်အယ်ဒီ ပါတီက ပါတီ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ဝင်မဝင် ကိစ္စကို ဒီကနေ့ ဆုံးဖြတ်ဖို့ အစည်း အဝေး ခေါ်ထားပါတယ်။

တဘက်မှာ အစိုးရက နိုင်ငံရေး အကျဉ်းသား တချို့ကို လွှတ်ပေးခဲ့ပြီး စာနယ်ဇင်းတွေလည်း အရင်နဲ့စာရင် နည်းနည်းပါးပါး ရေးနိုင်လာပါတယ်။