ကေအန်ယူ နဲ့ အစိုးရ ဝန်ကြီး တွေ့ဆုံတော့မည်

  • 17 နိုဝင်ဘာ 2011
knu ဓာတ်ပုံ မူပိုင် Reuters
Image caption ကေအန်ယူ ဘက်က စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူး စေးဖို့ ဦးဆောင် ဆွေးနွေးမှာဖြစ်

ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူ အဖွဲ့ ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ဟာ စနေနေ့မှာ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း နဲ့ တွေ့ဆုံ ပါလိမ့်မယ်။

ငြိမ်းချမ်းရေး ရဖို့ ကြိုးစားတဲ့ အဲဒီ ဆွေးနွေးပွဲ မှာ တိုင်းရင်းသား တွေ ကို စစ်ပြုနေတာတွေ အားလုံးရပ်ဖို့ နဲ့ ရပ်ပြီးရင် နိုင်ငံရေး ကိစ္စ ကို ဆွေးနွေး ကြဖို့ သူတို့ ဆွေးနွေးမယ့် အကြောင်း ကရင်အမျိုးသား အစည်းအရုံး က ဒုတိယ ဥက္ကဌ စောဒေးဗစ် သာကပေါ က ဘီဘီစီ ကို ပြောပါတယ်။

အနှစ်သာရ ရှိတဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်အောင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း တွေ စုပေါင်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား များ ဖက်ဒရယ်ကောင်စီ UNFC နဲ့ ဆွေးနွေး ဖို့ သူတို့ အနေနဲ့ လိုလားကြောင်းလည်း ကေအန်ယူ ခေါင်းဆောင် က ပြော ပါတယ်။

အစိုးရဖက် က အဲဒီလို တပ်ပေါင်းစု နဲ့ ဆွေးနွေးဖို့ လိုလားမှု ရှိ မရှိ ကတော့ မသိရ သေး ပါဘူး။

ကရင်အမျိုးသား အစည်းအရုံး ဟာ ကရင်တိုင်းရင်းသား တွေရဲ့ ရပိုင်ခွင့် နဲ့ စစ်မှန်တဲ့ ပြည်ထောင်စု ပေါ်ပေါက်ရေး ကို ရည်ရွယ်ပြီး ခေတ် အဆက်ဆက် မြန်မာအစိုးရ တွေ ကို နှစ်ပေါင်း ၆၀ ကျော် လက်နက်ကိုင် ဆန့်ကျင် တိုက်ပွဲ ဝင်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။