ဒေါ်စု ရွေးကောက်ပွဲ ဝင်ဖို့ သေချာသလောက်ရှိ

  • 17 နိုဝင်ဘာ 2011
suu kyi ဓာတ်ပုံ မူပိုင် AFP
Image caption ကြားဖြတ် ရွေးကောက်ပွဲမှာ ဒေါ်စု ကိုယ်တိုင် ဝင်ပြိုင်ဖွယ်ရှိ

အတိုက်အခံ အင်အယ်ဒီ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က အင်အယ်ဒီ ပါတီ အနေနဲ့ မကြာခင် ပြုလုပ်မယ့် ရွေး ကောက်ပွဲမှာ ဝင်ဖို့ ကြေညာနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

ပါတီဝင် အများစုက အင်အယ်ဒီ ရွေးကောက်ပွဲ ဝင်ဖို့ ဆုံးဖြတ်ချက်ကိုထောက်ခံမယ်လို့ယုံကြည် ကြောင်း သူက ဘီဘီစီကို ပြောပြခဲ့ပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲ အတွက် အမတ် နေရာ ငါးဆယ် ဝန်းကျင် ထွက်လာမှာ ဖြစ်ပြီး ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင် ရွေးကောက်ပွဲ ဝင်မှာ သေချာ သလောက် ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ မေးမြန်းနိုင်ခဲ့တဲ့ ဘီဘီစီ သတင်းထောက်က ရန်ကုန်ကနေ သတင်း ပေးပို့ ထားပါတယ်။

အင်အယ်ဒီ ရွေးကောက်ပွဲ ဝင်မဝင် ဆုံးဖြတ်ဖို့ ပါတီ ထိပ်တန်း အဖွဲ့ဝင်တွေ နယ်အသီးသီး ကနေ ရန်ကုန်မှာ ရောက်နေပါတယ်။

ဒေါ်အောင်ဆန်း စုကြည် ရွေးကောက်ပွဲ ဝင်နိုင်တာကို ခုသီတင်းပတ် အစောပိုင်းက ပါတီ ပြောခွင့်ရ တာဝန်ခံ ဦးဉာဏ်ဝင်းက မီဒီယာတွေကို ကြိုစကား ခံထားပါတယ်။

အင်အယ်ဒီ ရွေးကောက်ပွဲ ဝင်ပြီး လွှတ်တော်ထဲ ရောက်လာလျင် လက်ရှိ အစိုးရရဲ့ အာဏာ တရားဝင်မှုကို ပိုအားကောင်း စေလိမ့်မယ်လို့ အကဲခပ်တွေက သုံးသပ်ပါတယ်။