အာဆီယံ ဥက္ကဌ ရာထူး အပေါ် ပြန်ကြားရေး ဝန်ကြီးရဲ့ တုံ့ပြန်ချက်

  • 17 နိုဝင်ဘာ 2011
U Kyaw San ဓာတ်ပုံ မူပိုင် AFP
Image caption ပိုမို ပွင့်လင်း လာမယ်လို့ ဦးကျော်ဆန်း ကဆို

၂၀၁၄ ခုနှစ်မှာ မြန်မာ နိုင်ငံကို အာဆီယံ ဥက္ကဌ ရာထူး တာဝန်ယူဖို့ အာဆီယံ ခေါင်းဆောင် တွေက အတည် ပြုလိုက်တာဟာ အာဆီယံ စိတ်ဓါတ် ကို ပြသတာ အဖြစ် ပြန်ကြားရေးနဲ့ ယဉ်ကျေးမှု ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်းက ဘီဘီစီ သတင်းထောက် ကိုချို နဲ့ တွေ့ဆုံမေးမြန်း ရာမှာ ပြောကြား ခဲ့ပါတယ်။

အာဆီယံ အဖွဲ့ဝင် ဖြစ်တဲ့ မြန်မာနိုင်ငံဟာ တာဝန်သိသိ နဲ့ဒီတာဝန်ကို ထမ်းဆောင်ခွင့် ရတာကို ဝမ်းသာတယ်လို့ သူကဆိုပါတယ်။

ဒီလိုတာဝန်ပေးအပ်တဲ့အတွက် မြန်မာနိုင်ငံဟာ ဒေသတွင်းနဲ့ရော နိုင်ငံတကာနဲ့ပါ ပိုပြီးကျယ်ကျယ် ပြန့်ပြန့် ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်နိုင် လိမ့်မယ်လို့ ဦးကျော်ဆန်း ကပြောပါတယ်။

မြန်မာ နိုင်ငံမှာ တပ်မတော်အစိုးရကနေ ဒီမိုကရေစီအစိုးရ အဖြစ်ပြောင်းသွားပြီး အမိန့်အာဏာနဲ့ အုပ်ချုပ်တဲ့ စံနစ်ကနေ အခြေခံဥပဒေ နဲ့ အုပ်ချုပ်တဲ့ စံနစ်ဆီ ရောက်လာပြီမို့ နိုင်ငံရေး အရ အသွင်သဏ္ဍာန်ရော အနှစ်သာရပါ ပြောင်းလဲ နေပြီလို့ လည်းသူက ဆိုပါတယ်။

အခြေခံဥပဒေ နဲ့အညီ ဒီမိုကရေစီရေး နဲ့ လူ့အခွင့်အရေး တွေကို ဆောင်ရွက်ပြီး မြန်မာ နိုင်ငံကို ပိုပြီး ပွင့်လင်းလာအောင် မျှော်မှန်းတယ် လို့လည်း ဝန်ကြီး ဦးကျော်ဆန်းက ဘီဘီစီ ရဲ့မေးမြန်းချက်တွေကို ဖြေကြား သွားပါတယ်။