NLD မှတ်ပုံ ပြန်လည်တင်ရေး သုံးသပ်ချက်

  • 18 နိုဝင်ဘာ 2011
aung_san_suu_kyi ဓာတ်ပုံ မူပိုင် AFP Getty
Image caption ဒေါ်အောင်ဆန်းစုကြည်

NLD ပါတီဟာ နိုင်ငံရေး ပါတီ အဖြစ် တရားဝင် ရပ်တည် ပြီး ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရေး ဟာ ကောင်းမွန်တဲ့ လုပ်ဆောင်ချက် ဖြစ်ကြောင်း၊ အခုမှ ဗဟိုကော်မတီ အစည်းအဝေး က တဆင့် ဆုံးဖြတ်ကြမယ် ဆိုရင်လည်း၊ ဒါဟာ အရင်တုန်း က မှတ်ပုံတင် ဉပဒေ အရ လက်မခံလို ပေမယ့်၊ အခု ပြောင်းလဲ လိုက်တဲ့ ပါတီ ဉပဒေ ကြောင့် လို့ ထင်မြင်ပုံ ကို ဂျော့တောင်း တက္ကသိုလ် မှ ပါမောက္ခ ဒေးဗစ် စတိုင်းဘဂ် က ဘီဘီစီ ကို ပြောပါတယ်။

အမေရိကန် အစိုးရ ဖက်ကလည်း NLD ကို တရားဝင် ပါတီ အဖြစ် ရပ်တည်ချက် ကို ထောက်ခံ အားပေးလိုကြောင်း ပါမောက္ခ စတိုင်းဘဂ် က ဆိုပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရင်လည်း ပြည်သူ့လွှတ်တော် ထဲမှာ ကိုယ်စားလှယ် အများစု နဲ့ မကြီးစိုးနိုင် ပေမယ့်၊ NLD အနေ နဲ့ ဒါဟာ အရှိန်ယူခြင်း သာ ဖြစ်ပြီး၊ လာမယ့် ငါးနှစ် အထွေထွေ ရွေးကောက်ပွဲ ကို ပြင်ဆင် နိုင်မယ့် အကြောင်း၊ မြန်မာနိုင်ငံဟာ အခုမှ ဒီမိုကရေစီ နိုင်ငံ အနေနဲ့ ရပ်တည်ဖို့ ကြိုးပမ်း နေချိန်မို့ စစ်တပ်ကြီးစိုးတဲ့ စံနစ်က အရပ်သား အစိုးရ အဖြစ် အင်ဒိုနီးရှား နိုင်ငံ လို ပြောင်းလဲ နိုင်ကြောင်း ရှင်းပြပါတယ်။

ပြည်သူလူထု အနေနဲ့လည်း NLD ပါတီ ကို ထောက်ခံဆဲ ဖြစ်တဲ့ အတွက် ရွေးကောက်ပွဲ မှာ နိုင်ခြေရှိပုံ ကိုလည်း ပါမောက္ခ စတိုင်းဘဂ် က ဘီဘီစီ ကို ရှင်းပြပါတယ်။ မှတ်ပုံလည်း မတင်ဘူး၊ ရွေးကောက်ပွဲ လည်း မဝင်ဘူး ဆိုရင် တရားဝင် လုပ်ကိုင်ဆောင်ရွက်မှု တွေ နဲ့ ကင်းကွာသွားမယ် လို့ ဆိုပါသေးတယ်။