ယီမင်မှာ အကြမ်းဖက်မှု တွေကြောင့် သေဆုံးမှုရှိ

  • 24 နိုဝင်ဘာ 2011
Yemen ဓာတ်ပုံ မူပိုင် AFP
Image caption သမ္မတ ဆာလေးက နှုတ်ထွက်ဖို့ လက်မှတ် ထိုးထား ပါတယ်

ယီမင် နိုင်ငံက လာတဲ့ သတင်းတွေ အရ သမ္မတ Ali Abdulah Saleh. ရာထူးကနေ ဆင်းပေးရေး ဆိုင်ရာ သဘောတူညီချက်မှာ ပါတဲ့ အချက် အလက် တွေကို ကန့်ကွက် ဆန္ဒပြမှုတွေ အတွင်း ဆန်နား မြို့တော်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့သူ ငါးယောက်ထက် မနည်း ရှိတယ်လို့ သိရ ပါတယ်။

မစ္စတာ ဆာလေးရဲ့ သစ္စာခံ သေနတ် သမားတွေက မစ္စတာ ဆာလေးကို တရားစွဲဆိုမှု ကနေ ကင်းလွတ်ခွင့် ပေးရေး ကိစ္စ အပေါ် ကန့်ကွက် ခဲ့ကြတဲ့ ထောင်နဲ့ ချီတဲ့ ဆန္ဒပြ သူတွေ ထဲကို သေနတ်တွေနဲ့ ပစ်ခတ် ခဲ့ကြ ပါတယ်။

မနေ့တုန်းက လက်မှတ် ရေးထိုး ခဲ့တဲ့ သဘော တူညီချက် အရ ဆိုရင် မစ္စတာ ဆာလေးရဲ့ အုပ်ချုပ် မှုကို ၉လ ကြာအောင် ကန့်ကွက် မှုတွေ ရှိခဲ့ ပြီးတဲ့နောက် သူ့ လက်ထောက်ကို အာဏာ လွှဲပေးမှာ ဖြစ် ပါတယ်။

ဆန်နားမြို့ က ထောင်နဲ့ ချီတဲ့ လူတွေ က ဒီသတင်း ကို ကြိုဆို ခဲ့ကြ ပေမဲ့ တချို့ ကတော့ ကန့်ကွက် ခဲ့ကြ ပါတယ်။