ဘင်္ဂလားဒက်ရှ်ရောက် မြန်မာဗိုလ်ချုပ်ကြီး နယ်စပ်သို့သွား

  • 25 နိုဝင်ဘာ 2011
ဒက္ကားမြို့တော်ခန်းမ
Image caption ဒက္ကားမြို့တော်ခန်းမ

မြန်မာ ဒုတိယ စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးဟာ ဒီကနေ့ နံနက် ကော့စ်ဘဇားမြို့ကို ရောက်ရှိလာပြီး ကိုးနာရီခွဲခန့်မှာတော့ ကော့စ်ဘဇားမြို့မှာ တည်ရှိတဲ့ ရခိုင် မဟာသိမ်တော်ကြီးကို လာရောက် လည်ပတ်ခဲ့ပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း ကော့ဘဇားမြို့ကို လာရောက်လည်ပတ်တဲ့ အခြေခံ အကြောင်းအရင်းကိုတော့ ကော့စ်ဘဇားမြို့က ဘင်္ဂလာ TV အစီအစဉ်က သတင်းထောက် မစ္စတာ ရှော်ဟေးဘိုင်းက ဒီခရီးစဉ်ကို ပြုလုပ်ရတာကတော့ ချစ်ကြည်ရေး ခိုင်မာမူကို နှစ်ဘက်နယ်စပ် နေပြည်သူတွေကို ပြသလိုတဲ့ အပြင် တခြား အကြောင်းအရာတွေကတော့ နယ်စပ် စီးပွားရေး မြင့်တင်ရေး၊ ဒုက္ခသည်တွေ ပြန်ပို့ရေး အပြင် နယ်စပ်လုံခြုံရေး ကိစ္စရပ်တွေလို ကိစ္စရပ်တွေအတွက် သြဇာသက်ရောက်မူ ရှိနိုင်အောင် လာရောက်လည်ပတ်တာ ဖြစ်တယ်လို့ ပြောကြားသွားတာ ဖြစ်ပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်းရဲ့ နိုဝင်္ဘာလ ၂၃ ရက်နေ့က စတင်ခဲ့တဲ့ သူရဲ့ (၅) ရက်ကြာ ခရီးစဉ်ရဲ့ ပထမရက်တွေမှာ ဒက္ကားမြို့တော်မှာ ဘင်္ဂလာဒေချ့် သမ္မတ၊ ဝန်ကြီးချုပ်တို့ အပါအဝင် စစ်ဦးစီးချုပ်၊ လေတပ်ဦးစီးချုပ်၊ ရေတပ် ဦးစီးချုပ်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး စစ်ဘက်ဆိုင်ရာ နေရာ အများအပြားကိုလည်း သွားရောက် လည်ပတ်ခဲ့ပါတယ်။

မြန်မာနဲ့ ဘင်္ဂလာဒေချ့်အကြားမှာ အခုအခါ ဆက်ဆံရေး တိုးတက်ကောင်းမွန်ပြီး လာမယ့် ဒီဇင်္ဘာလ ၅ ရက်နေ့မှာလည်း ဘင်္ဂလာဒေချ့် ဝန်ကြီးချုပ် ချိတ်ဟာဆီးနာက မြန်မာနိုင်ငံကို သုံရက်ကြာသွားရောက်လည်ပတ်မှာ ဖြစ်တဲ့ အတွက် အဲဒီခရီးစဉ်မတိုင်မှီ ဗိုလ်ချုပ်ကြီး စိုးဝင်းလာလည်တာကတော့ နှစ်ဘက်နိုင်ငံနဲ့ သက်ဆိုင်တဲ့ အခြေအနေအရပ်ရပ်ကို လာရောက် လေ့လာတာ ဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။