လူ့ခွင့်ရေး ချိုးဖောက်မှု ဆက်ရှိ HRDB ပြော

  • 26 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် ap
Image caption အိုင်အယ်လ်အို အကြီးအကဲ Juan Somavia

သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ပြုပြင် ပြောင်းလဲမှုတွေ လုပ်နေတယ် ဆိုပေမယ့် လူ့ အခွင့် အရေး ချိုးဖောက်မှုတွေ ဆက်ရှိ နေတယ်လို့ HRDB လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။

တချို့ မြို့နယ်တွေမှာ အာဏာပိုင်တွေက အတင်း အဓမ္မ ကင်းစောင့်ခိုင်းတာ၊ ခလေး စစ်သား စုဆောင်းမှုတွေ ဆက်ရှိနေတယ်လို့ HRDB က စောဘန်ကူးက ဘီဘီစီကို ပြောပြပါတယ်။

ရပ်ကွက်ထဲမှာလည်း ကင်းမစောင့်ရင် အရေးယူမယ်လို့ ခြိမ်းခြောက်မှုတွေ ရှိခဲ့ပြီး မစောင့်ရင် ငါးရာ ၊ တထောင် ပေးရမယ် ဆိုတဲ့ တောင်းခံမှုတွေ ရှိခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

အများသဘောတူရင် လုပ်လို့ ရတယ် ဆိုပေမယ့် ကင်းစောင့်ခြင်း ဆိုတာ တစုံတယောက်ရဲ့ ခြိမ်းခြောက်မှု ပါလာရင် အဓမ္မ ခိုင်းစေမှုလို့ အိုင်အယ်လ်အိုက သတ်မှတ်ကြောင်း စောဘန်ကူးက ဆိုပါတယ်။

ဘိုကလေး နယ်ဘက်မှာ ကလေးစစ်သား စုဆောင်းမှုတွေနဲ့ ပတ်သက်လို့ မေးကြည့်တော့ နာဂစ်ပြီး ကာလမှာ ကလေး စစ်သား ၁၄ယောက် ဝန်းကျင် စုဆောင်းခံခဲ့ရပြီး သူတို့ထဲက ပြန်လွှတ်လာတာ ရှိသလို ပြန်မလွှတ်သေးတဲ့ သူတွေလည်း ရှိသေးတယ်လို့ ဆိုပါတယ်။

အခု အစိုးရသစ် လက်ထက်မှာလည်း ကလေးတယောက် စစ်သားအဖြစ် စုဆောင်းခံရပြီး ဖြိုးမောင်မောင်တို့ ကျော်နိုင်ဝင်း တို့ ဇော်ဇော်လင်းတို့ ဆိုရင် အခုထိ ပြန်လွှတ်မလာ သေးဘူးလို့ သူက ပြောပါတယ်။