အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မြန်မာရောက်

  • 30 နိုဝင်ဘာ 2011
Hilary Clinton ဓာတ်ပုံ မူပိုင် Reuters
Image caption အမှန်တကယ် ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာဖို့ မျှော်လင့်

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ဟာ ဒီနေ့ ညနေ ၄ နာရီလောက်မှာ အထူးလေယာဉ်နဲ့ နေပြည်တော်ကို ရောက်လာ ပါတယ်။

အရှေ့အာရှ ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကာ့တ် ကမ်းဘဲ နဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မိုက်ကယ် ပေါ့စနာ တို့လည်း မစ္စစ် ကလင်တန်နဲ့ ပါလာပါတယ်။

မြန်မာနိုင်ငံ ဆိုင်ရာ အထူးသံတမန် ဒဲရက် မစ်ချယ်က မြန်မာနိုင်ငံမှာ ကြိုတင်ရောက်ရှိ နေပြီး လေဆိပ်မှာ လာကြိုခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြန်မာအစိုးရရဲ့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာမျိုးမြင့်ကလည်း လေဆိပ်မှာ လာကြိုပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေဟာ ဘယ်လောက် စစ်မှန် လေးနက်မှုရှိသလဲဆိုတာကို လေ့လာဖို့ မြန်မာနိုင်ငံကို လာတာဖြစ်တယ်လို့ မစ္စစ် ဟီလာရီ ကလင်တန်က သူနဲ့ အတူ လိုက်ပါလာတဲ့ ဘီဘီစီ သတင်းထောက် ကင်မ် ဂတ်တတ် ကို ပြောပါတယ်။

အမေရိကန် အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ အစစ် အမှန် ပေါ်ထွန်း လာဖို့ မျှော်လင့်ပြီး အဲသလို မပေါ်ပေါက်လာသေးရင် ပိတ်ဆို့အရေးယူမှုတွေ ဆက်ရှိ နေဦးမယ် ဆိုတဲ့ သဘောထားကြောင့် မြန်မာ့ ဒီမိုကရေစီအရေး ဆောင်ရွက်သူတွေကလည်း ဒီခရီးစဉ် အပေါ်မှာ မျှော်လင့်ချက် ထားကြတယ်လို့ နေပြည်တော်မှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် ကိုမင်းထက်က ပြောပါတယ်။