ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ၉၂ နှစ်မြောက် မွေးနေ့

  • 3 ဒီဇင်ဘာ 2011
Image caption သမီးဖြစ်သူ ဒေါက်တာလှကျော်ဇောနဲ့ အတူ ခွန်မင်း မြို့မှာ နေထိုင်လျက် ရှိပါတယ်

မြန်မာနိုင်ငံမှာ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်စစ်ဆန့်ကျင်ရေးနဲ့ လွတ်လပ်ရေး တိုက်ပွဲစဉ် တလျှောက်မှာ၊ ရှေ့တန်းကနေ ပါဝင်ခဲ့တဲ့ ရဲဘော်သုံးကျိပ်၀င် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ဟာ၊ ဒီဇင်ဘာ( ၃ )ရက် စနေနေ့မှာ အသက် (၉၂) နှစ် တင်းတင်း ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါ တယ်။

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက သူ့ရဲ့ (၉၂)နှစ် မြောက်မွေးနေ့မှာ မြန်မာ ပြည်သူတွေ ကျန်းမာ စေကြောင်းနဲ့ နှုတ်ခွန်းဆက်စကား ပြောကြား ခဲ့ပါတယ်။

အခုအခါမှာ ရဲဘော်သုံးကျိပ်ဝင်တွေထဲက သက်ရှိထင်ရှား အဖြစ်၊ ဗိုလ်ရဲထွဋ်နဲ့ ဗိုလ်ကျော်ဇောတို့ နှစ်ဉီးတည်းပဲ ကျန်တော့တာပါ။

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရဲ့ မြို့တော် ‘ခွန်းမင်’မြို့မှာ သမီးကြီး ဖြစ်သူ ဒေါက်တာလှကျော်ဇောနဲ့အတူ နေထိုင်လျက် ရှိပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။