တရုတ်မြန်မာနယ်စပ် မူဆယ်မြို့မှာ ဗုံးပေါက်

  • 4 ဒီဇင်ဘာ 2011
Muse
Image caption မူဆယ်မြို့ဟာ နယ်စပ်ကုန်သွယ်ရေးမြို့တမြို့

တရုတ် မြန်မာ နယ်စပ်မြို့ တစ်မြို့ ဖြစ်တဲ့ မူဆယ်က ၁၀၅ မိုင် နယ်စပ် ကုန်သွယ်ရေး ဇုံအနီး ရဲစခန်းရှေ့နားမှာ စနေည ဦးပိုင်းက ဗုံးတလုံး ပေါက်ကွဲခဲ့ပါတယ်။

ရဲစခန်းရှေ့နားက ထရန်စဖေါ်မာ အနီးမှာ ပေါက်ကွဲတာလို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေရာဟာ ကုန်ကားကြီးတွေ သွားလာနေတဲ့ နေရာဖြစ်လို့ နယ်စပ် ကုန်သွယ်ရေးအတွက် အရေးကြီးတဲ့ နေရာလည်း ဖြစ်ပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ရဲစခန်းဝင်း အုတ်နံရံ အနည်းငယ် ထိခိုက်သွားခဲ့ပြီး ရဲတစ်ဦး အပါအဝင် လူ ၂ ဦး ဒဏ်ရာရ တယ်လို့ သိရပါတယ်။

ဒီပေါက်ကွဲမှုဟာ ဘယ်သူ့ လက်ချက် ဆိုတာတော့ လောလော ဆယ်မှာ မသိရသေးပါဘူး။