ကချင် ဒုက္ခသည်တွေကို ဝိုင်းကူနေ

  • 6 ဒီဇင်ဘာ 2011
_kachin_refugees_
Image caption ကချင်ဒုက္ခသည်များ

ကချင်ပြည်နယ် ဘက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား နေတဲ့ အတွက် စစ်ပြေးဒုက္ခသည် တွေကို ရန်ကုန် နာရေး ကူညီမှု အသင်း က ဒုက္ခသည် တွေကို သွားရောက်ကူညီမှု တွေ ပြုနေကြောင်း ဉက္ကဌ ဦးကျော်သူ က ဘီဘီစီ ကို ပြောပြပါတယ်။

အထူးသဖြင့် ငွေကြေး အစားအသောက် နဲ့ ဆေးဝါး လိုအပ်မှုကြောင့် မန္တလေးမြို့ ဘဝအလင်း ပရဟိတ ဆရာတော် ဉတ္တမ သာရ ကလည်း မြစ်ကြီးနား၊ ဝိုင်းမော် နဲ့ ဗန်းမော် မြို့နယ် အတွင်းရှိ ဘုန်းကြီးကျောင်းတွေနဲ့ ခရစ်ယာန် ကျောင်းတွေမှာ ဒုက္ခသည် တွေကို မှီခိုခွင့် ပြုထားကြောင်း၊ ဒုက္ခသည် စခန်းပေါင်းလည်း သုံးဆယ် နီးပါး ရှိပြီး စခန်းတခု မှာ ဒုက္ခသည် ငါးရာကျော် ရှိပုံ ကို ဆရာတော် က ဘီဘီစီ ကို မိန့်ပါတယ်။

ဒုက္ခသည် အများစု ဟာ ရာသီဉတု အေးတဲ့ အတွက် နှာစီး ချောင်ဆိုးမှ ဖျားနာ၊ ဝမ်းပျက် ရောဂါ အဖြစ် များတာကို တာဝန်ယူ ကုသပေးတဲ့ ဆရာဝန် ကလည်း ဘီဘီစီ ကို ရှင်းပြပါတယ်။ အထူးသဖြင့် ကလေးလူနာ တွေများပြား ပုံလည်း ပြောပြပါတယ်။

အဝတ်အစား တွေကတော့ တရုတ်ပြည်နဲ့ နီးလို့ တရုတ်နယ်စပ် ဘက်က ဝင်ပုံ၊ တောထဲ တောင်ထဲ မှာလည်းဒုက္ခသည်တွေ အများအပြား ရှိနေပေမယ့် အစိုးရ သွားခွင့်ပြုတဲ့ နေရာသာ သွားရတဲ့ အကြောင်း၊ အခုလို ပုဂ္ဂလိက လူမှုကယ်ဆယ်ရေး အဖွဲ့တွေ၊ ဂဂ မျိုးဆက်ကျောင်းသား အဖွဲ့တွေ နဲ့ ကုလသမဂ္ဂ နဲ့ အင်ဂျီအို အဖွဲ့တွေကဝိုင်းဝန်း ကူညီနေပေမယ့် လုံလောက်မှု မရှိကြောင်း လည်း သိရပါတယ်။

အထူးသဖြင့် စစ်ပြီးလို့ နေရပ်ရင်း ပြန်ခွင့်ရရင် တောင်မှ အိုးအိမ် လယ်မြေ ပျက်စီး ဆုံးရှုံးကုန်လို့ ပြန်လည်ထူထောင်ရေး အတွက် အကူအညီ တွေ အများကြီးလိုအပ် ပုံကိုပါ နာရေးကူညီမှု အသင်းက ဦးကျော်သူ က ရှင်းပြပါသေးတယ်။