မြန်မာနိုင်ငံဆိုင်ရာ အထူးသံ ဒဲရစ်မစ်ချယ်လ် ဂျပန်ရောက်

  • 8 ဒီဇင်ဘာ 2011
မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဒဲရစ်မစ်ချဲလ် ဓာတ်ပုံ မူပိုင် AP
Image caption မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဒဲရစ်မစ်ချဲလ်

တောင်ကိုရီးယား ဂျပန်နဲ့ တရုတ် နိုင်ငံတို့ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးရဲ့မြန်မာနိုင်ငံ ခရီးစဉ် အကြောင်းရှင်းပြဖို့ ဒဲရစ်မစ်ချဲလ် ဟာဆိုးလ်မြို့ကနေ ဂျပန်နိုင်ငံကို ရောက်ရှိနေပါတယ်။

ဒီခရီးစဉ်နဲ့ ပတ်သက်လို့ မြန်မာ့ရေးရာရုံး ဂျပန်ပြည်ရဲ့တာဝန်ခံ ဒေါက်တာမင်းညိုကတော့ အရင်က အမေရိကန်ရဲ့ မြန်မာနိုင်ငံ အပေါ်ထားတဲ့သဘောထား နဲ့ဂျပန်ရဲ့ သဘောထား အနည်းငယ် ကွဲလွဲနေပေမဲ့ အခုတော့ ကူညီထောက်ပံ့မှုပြန်ပေးရေးမှာ တူညီမှု ရှိလာပြီလို့ပြောပါတယ်။

အခုအခါ ဂျပန်ပြည်က အာရှမှာ ငွေရင်းနှီးမြှုပ်နှံဖို့ မြန်မာ တနိုင်ငံထဲကျန်တော့ကြောင်း ဂျပန်အစိုးရက ပင်လယ်ရပ်ခြား ထောက်ပံ့ကြေး အိုဒီအေကိုလည်းပြန်ပေးဖို့ စီစဉ်နေကြောင်းသူက ပြောပါတယ်။ ဒါကြောင့် မကြာမီ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးကိုယ်တိုင် မြန်မာကိုသွားဖို့ရှိပြီး ငွေချေးဖို့ကိစ္စအပါအဝင် ဒီမိုကရေစီ လမ်းကြောင်းကို သွားအောင် လုပ်ဖို့တိုက်တွန်း အားပေးနိုင်တယ်လို့ ပြောပါတယ်။

တဖက်ကလည်း အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့ဟာ မြန်မာနိုင်ငံကို တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး နီးကပ်နေရာကနေ ဝေးအောင်လုပ်ဖို့ ပေါ်လစီမျိုး ညှိနှိုင်း နိုင်တယ်လို့ဒေါက်တာ မင်းညိုက ဘီဘီစီကို ပြောပါတယ်။