ဒေါ်အောင်ဆန်းစုကြည် နိုဗယ်လ်ဆုနှစ်၂ဝပြည့်

  • 10 ဒီဇင်ဘာ 2011
dassk_nld_
Image caption ဒေါ်အောင်ဆန်းစုကြည် က ငြိမ်းချမ်းရေး အကြောင်း ဟောပြောခဲ့

ဒေါ်အောင်ဆန်းစုကြည် ကို ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်လ် ဆု ချီးမြှင့်ခြင်း နှစ် ၂ဝ ပြည့် ဂုဏ်ပြုပွဲ အခန်းအနား ကို ရန်ကုန်မြို့ ကြည့်မြင်တိုင် မြို့နယ်၊ နတ်စင်လမ်း သာဓု ပရိယတ္တိ စာသင်တိုက် ရွှေညဝါ ပညာ့ဗိမာန် မှာ ကျင်းပပါတယ်။

အခန်းအနား ကို တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် က ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အဓိပါယ် ဖွင့်ဆိုချက် ကို ရှင်းပြသွားပါတယ်။ ငြိမ်းချမ်းရေး ဟာ ကြောင့်ကျမှု ကင်းဝေးတဲ့ ဘဝ၊လုံခြုံအေးချမ်းမှု ရှိတဲ့ ဘဝ ကို ရှင်းပြသွားပါတယ်။

အဆိုပါ အခန်းအနား ကို ဧည့်ပရိသတ် ၂ဝဝဝ ခန့် တက်ရောက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ နိုင်ငံရေး ပါတီဝင်တွေ၊ ဂဂ ကျောင်းသား အဖွဲ့ဝင် တွေ နိုင်ငံရေး အကျဉ်းသားဟောင်း တွေ တက်ရောက်ကြောင်း ကျောင်းသား အဖွဲ့မှ ကိုကိုလတ် က ဘီဘီစီ ကိုပြောပြပါတယ်။

ဒါ့အပြင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး တို့ အတွက် စုပေါင်းလက်မှတ်ထိုး မှု လည်းပြုကြပါတယ်။ ကနေ့ဟာ ကမ္ဘာ့ လူ့အခွင့်အရေးနေ့ ၆၃ နှစ်ပြည်တဲ့ နေ့လည်း ဖြစ်တဲ့ဖြစ်တဲ့ အတွက် ငြိမ်းချမ်းရေး ချိုးငှက် အရုပ်တွေနဲ့ အခန်းအနား စင်မြင့် ကို သရုပ် ဖေါ်ပုံလည်း ကိုကိုလတ် က ပြောပြပါတယ်။