အလုပ် လက်မဲ့ ပြဿနာ စိုးရိမ်စရာ ဖြစ်နေသလား

  • 12 ဒီဇင်ဘာ 2011
workers ဓာတ်ပုံ မူပိုင် Getty
Image caption အလုပ်လက်မဲ့ ပြဿနာ စိုးရိမ် စရာ ဖြစ်နေသလား

ဘီဘီစီရဲ့ စစ်တမ်းကောက် ယူမှု အရ ကမ္ဘာမှာ အလုပ်လက်မဲ့ ပြဿနာ နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ တိုးပွား ပေါ်ပေါက်နေပါတယ်။

မြန်မာနိုင်ငံမှာရော အလုပ် လက်မဲ့ ပြဿနာ ဘယ်လောက် အတိုင်းအတာထိ ရှိနေပါသလဲ။

မြန်မာနိုင်ငံသားတွေမှာ အလုပ်လက်မဲ့ ပြဿနာနဲ့ ရင်ဆိုင်ရမှာကို စိုးရိမ်ပူပန်မှုတွေ ရှိနေပါသလား။

ဒီဇင်ဘာ ၁၂ ရက် လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ သောတရှင်တို့ ကိုယ်တိုင် ပါဝင် ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။

ဆွေးနွေးချင်တဲ့ သောတရှင်တွေ ဖုန်းနံပါတ် ၀၀၄၄ ၂၀၇ ၅၅၇ ၁၇၆၄ ကို ဆက်သွယ် ပြီး ပြောချင်တဲ့ အကြောင်းအရာကို ပြောထားခဲ့ နိုင်ပါတယ်။

ကိုယ့်ရဲ့နာမည်၊ ကိုယ်ရောက်ရှိတဲ့ တိုင်းပြည်နဲ့ ပြန်လည် ခေါ်ယူရမယ့် ဖုန်းနံပါတ်တွေကို တယ်လီဖုန်း အသံဖမ်းစက်ထဲမှာ ထားခဲ့ရင်လည်း ဘီဘီစီက ပြန်ခေါ်ပေးမှာ ဖြစ်ပါတယ်။

အီးမေးလ်နဲ့ ဆက်သွယ်ချင်ရင်တော့ burmese@bbc.co.uk အီးမေးလ်ကို ဆက်သွယ်နိုင်ပါတယ်။ ကိုယ်ပြောလိုရာကို အီးမေးလ်မှာ အသံဖိုင် ပူးတွဲပြီးလည်း ပေးပို့နိုင်ပါတယ်။