ယူနီဆက် ကချင်ပြည်နယ်တက်

  • 15 ဒီဇင်ဘာ 2011
kachin ဓာတ်ပုံ မူပိုင် Reuters
Image caption ကချင်ဒုက္ခသည် ယူနီဆက် ကူနေ

ကချင်ဒေသဘက် တွေမှာ တိုက်ပွဲတွေ ပြင်းထန် နေဆဲမို့ လိုင်ဇာ ကနေ ကချင်ဒုက္ခသည် တွေရှိရာ ကို ပထမဆုံး အကြိမ် အဖြစ် အကူအညီ သွားပေးတဲ့ ယူနီဆက် က ကား ၄ စီးပါ ကွန်ဗွိုင် ယာဉ်တန်း ဟာ လိုင်ဇာ က အပြန် ဒေါ့ဖုန်းဟန်မြို့ နားမှာ မြန်မာစစ်တပ် လက်နက်ကြီးရန် စိုးရိမ်လို့ နှစ်နာရီ ကြာ ရပ်နားရပါတယ်။

တိုက်ပွဲ အခြေအနေ ကလည်း တရုတ်နယ်စပ်ဖက်၊ ဗန်းမော် နဲ့ လွယ်ဂျယ်ဘက် အနီး၊ ကားလမ်းမှာ လက်နက်ကြီး တွေနဲ့ မြန်မာစစ်တပ် ဘက်က ပစ်လို့ ၄ နာရီ မှ ၅ နာရီ ကြာအောင် တိုက်ပွဲ ပြင်းထန်ကြောင်း ကေအိုင်အေ ကချင်လွတ်မြောက်ရေး တပ်ဖွဲ့မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွန်မော် က ဘီဘီစီ ကို ပြောပါတယ်။

မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန်က ကချင်ပြည်နယ်ဘက် ကို ထိုးစစ်မဆင်ဖို့ ညွှန်ကြားပေမယ့် သမ္မတ ရုံးက ညွှန်ကြားချက်ဟာ ရှေ့တန်း ကို ရောက်ပုံ မရသေး သလို၊ သတင်းစာ မှာလည်း မတွေ့ရ၊ အဆင့်ဆင့် ညွှန်ကြား နေပုံ ရကြောင်း၊ ဗိုလ်မှူးချုပ် ဂွန်မော် က ဘီဘီစီ ကို ပြောပါတယ်။

အမှန်မှာ စစ်ပွဲရပ်ရေးမှာ ညွှန်ကြားရုံ နဲ့ ပြေလည်စရာမရှိ၊ နိုင်ငံရေး အရ ဖြေရှင်းမှသာ တိုက်ပွဲတွေ ရပ်ဆိုင်း နိုင်မယ့် အကြောင်း၊ ကချင်ဘက်ကလည်း ခုခံစစ်ပဲ ပြုနေလို့ ထိုးစစ် မလုပ်ဖို့ ညွှန်ကြားစရာ မလိုပုံ ကို ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွန်မော် က ရှင်းပြပါတယ်။