နှစ်သစ်ကူးနေ့က စပြီး မီတာခ နှစ်ဆ တက်မည်

  • 17 ဒီဇင်ဘာ 2011
power
Image caption မီးမမှန်တာမို့ အများ အပြားဟာ ပါဝါ အတွက် မီးစက်ကို အားကိုးကြရ

မြန်မာ နိုင်ငံမှာ ဇန်နဝါရီလ တရက်နေ့က စပြီး မီတာခတွေ နှစ်ဆ တက်တော့ မယ်လို့ သတင်း ရရှိပါတယ်။

အိမ်သုံး မီတာခ နှုန်းထားက တယူနစ်ကို ၂၅ ကျပ် ကနေ ကျပ် ၅၀၊ စက်မှု လက်မှု လုပ်ငန်းနဲ့ စီးပွားရေး လုပ်ငန်းသုံး မီတာခတွေ ကိုတော့ တယူနစ်ကို ကျပ် ၅၀ ကနေ ကျပ် ၁၀၀ အထိ တိုးမြှင့် ကောက်ခံ သွားမှာ ဖြစ်ကြောင်း စွမ်း အင်ဝန်ကြီးဌာန ထိပ်တန်း အရာရှိကြီး တ ယာက်က အတည်ပြု ပြောဆိုတယ်လို့ ရိုက်တာ သတင်း ဌာနရဲ့ ရန်ကုန် သတင်းထောက် ဦးအောင်လှထွန်းက ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် အစိုးရက မီတာခတွေ တက်မှာကို တရားဝင်တော့ မထုတ် ပြန်သေးပါဘူး။

မီတာခတွေကို အစိုးရက ခုချိန်ထိ အိပ်စိုက် ပေးနေရပြီး ဆက်မစိုက် နိုင်တော့ဘူးလို့ အစိုးရ အရာရှိကို ကိုးကားပြီး ဦးအောင်လှထွန်းက ဘီဘီစီကို ပြောပြပါတယ်။

လက်ရှိ နှုန်းထားနဲ့ တနိုင်ငံလုံးရဲ့ လေးပုံ တပုံလောက်ကိုသာ လျှပ်စစ် ဓာတ်အား ပေးနိုင်ပြီး ကျန်တဲ့ နေရာတွေက သူတို့နည်း သူတို့ဟန်နဲ့ လျှပ်စစ် ဓာတ်အားကို ဝယ်ယူ သုံးစွဲ နေရ ပါတယ်။

အဲဒိအတွက် တချို့ နေရာတွေမှာ လျှပ်စစ် မီတာခဟာ ရန်ကုန်ထက် ဆယ့်လေးငါးဆ လောက်ထိ ကြီးပါတယ်။

တိုးမြှင့် ကောက်ခံမယ့် မီတာခတွေကနေ လျှပ်စစ် ဓာတ်အား အလုံ အလောက် မရသေးတဲ့ နေရာတွေကို လျှပ်စစ် ဓာတ်အား တိုးချဲ့ ဖြန့်ဖြူးဖို့ အစီအစဉ် ရှိတယ်လို့ ရန်ကုန် သတင်း ရပ်ကွက်က ပြောပါတယ်။

ဒါပေမယ့် ချက်ချင်း အကောင်အထည် ပေါ်ဖို့ မလွယ်ဘူးလို့ သတင်းထောက်တွေက မှတ် ချက် ပေးပါတယ်။

ခုမီတာခတွေ တက်လိုက်တဲ့အတွက် သာမန် လက်လုပ် လက်စား၊ လခစားတွေ အတော်လေး နစ်နာဖွယ် ရှိပြီး အသေးစား အိမ်တွင်းမှု လုပ်ငန်းတွေလည်း ထိခိုက်ဖွယ် ရှိတယ်လို့ ဦးအောင် လှထွန်းက မှတ်ချက် ပေးပါတယ်။