မဲခေါင် ထိပ်သီး အစည်းအဝေး နေပြည်တော် မှာ ကျင်းပ

  • 19 ဒီဇင်ဘာ 2011
Mekong ဓာတ်ပုံ မူပိုင် mekong
Image caption မဲခေါင် ထိပ်သီး အစည်းအဝေး မြန်မာနိုင်ငံတွင် ကျင်းပ

မဲခေါင်မြစ်ဝှမ်း ၆ နိုင်ငံ ထိတ်သီးအစည်းအဝေး နေပြည်တော်မှာ ဒီကနေ့စတင်နေပြီ မနက်ဖြန်မှာပြီးဆုံးမှာ ဖြစ်ပါတယ်။

ဒီနေ့တော့ အစိုးရအဆင့်မြင့်အရာရှိတွေ ကုန်သည်ကြီးများအဆင့်သာ ဆွေးနွေးခဲ့ကြပါတယ်။

မနက်ဖြန်မှာ ထိပ်သီးခေါင်းဆောင်တွေ ဆက်လက်ဆွေးနွေးသဘောတူမယ့်အချက်အလက်တွေကို အစိုးရ အဆင့်အမြင့် အရာရှိတွေက ဆွေးနွေးကြတယ်လို့ အစိုးရရဲ့သတင်းထုတ်ပြန်ချက်ထဲမှာ ဖေါ်ပြထားတယ်။ ဘယ်လိုအကြောင်းအရာတွေလဲဆိုတာကို ဖေါ်ပြထားခြင်းမရှိဘူး။

မဲခေါင်မြစ်ဝှမ်း လုပ်ငန်းရှင်တွေကလည်း ဒီကနေ့ ဆွေးနွေးခဲ့ကြပါတယ်။ မဲခေါင်ဖြစ်ကြောင်း ကုန်စည်စီးဆင်းမှုလွယ်ကူးရေးကို ကမ္ဗောဒီးယား နဲ့လောနိုင်တို့က ဆွေးနွေးခဲ့ကြတယ်။

အသေးစားနဲ့အလတ်စား စီးပွားရေးအတွက်ကိုတော့ ထိုင်းနိုင်ငံက ဆွေးနွေးတယ်လို့ အစိုးရသတင်းထုတ်ပြန်ချက်ထဲမှာ ဖေါ်ပြထားပါတယ်။

မဲခေါင်မြစ်ဝှမ်း ၆ နိုင်ငံဟာ တရုပ်၊ မြန်မာ၊ လော၊ ထိုင်း၊ ကမ္ဗောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့ဖြစ်ပြီး ထိပ်သီးအစည်းအဝေးကို ၃ နှစ်တစ်ကြိမ်ပြုလုပ် တာဖြစ်ပါတယ်။ ဝန်ကြီးချုပ်တွေနဲ့နိုင်ငံခေါင်းဆောင်တွေ တက်ရောက်ကြတာဖြစ်ပါတယ်။

အထူးသဖြင့်တော့ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းတွေကို အဓိက ဆွေးနွေးကြတာဖြစ်ပါတယ်။