ဒုက္ခသည်တွေ မပြန်လိုကြ

  • 22 ဒီဇင်ဘာ 2011
_refugee ဓာတ်ပုံ မူပိုင် others
Image caption နယ်စပ် ဒုက္ခသည်များ

ဘင်္ဂလားဒေ့ရှ် ကို ရောက်နေတဲ့ မြန်မာနိုင်ငံက ဒုက္ခသည် တချို့ကို ပြန်ခေါ်မယ် ဆိုတဲ့ သတင်းတွေ ထွက်နေပေမယ့် အများအပြား က အဓမ္မ ပြန်ပို့ ခံရမှာကို စိုးရိမ် နေကြပါတယ်။ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီးနာ ရဲ့ မြန်မာ နိုင်ငံ ခရီးစဉ် အတွင်းမှာ အစိုးရ နဲ့ သဘောတူခဲ့ ကြတါပါ။

အခုလို ပြန်ပို့မှာ ကို စိုးရိမ်ရခြင်းက မြန်မာ နိုင်ငံမှာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး ပိုင်းဆိုင်ရာ တန်းတူ အခွင့်အရေး မရှိသေးတဲ့ အတွက်၊ ဒီမိုကရေစီ တန်းတူ အခွင့်အရေး မရသေးသမျှ မပြန်လိုပုံ ကို မြန်မာဒုက္ခသည် တဦးက ဘီဘီစီ ကိုပြောပြတါပါ။

ဘင်္ဂလားဒေ့ရှ် ဘက်မှာ ရောက်နေတဲ့ မြန်မာ ဒုက္ခသည် နှစ်မျိုး အနက်၊ တမျိုးက ဒုက္ခသည် စခန်းအတွင်း နေထိုင်သူတွေ နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အစောင့်အရှောက် နဲ့ နေထိုင်သူတွေ ဖြစ်ပါတယ်။