ကချင်မှာ လူမှု အဖွဲ့တွေ ခွင့်ပြုဖို့ HRW ပြော

  • 22 ဒီဇင်ဘာ 2011
kachin ဓာတ်ပုံ မူပိုင် KachinNet
Image caption ကချင်မှာ စစ်ပြေး ဒုက္ခသည်း ငါးသောင်းလောက် ရှိတယ်လို့ HRW ခန့်မှန်း

စစ်ဖြစ်နေတဲ့ ကချင် ပြည်နယ်ဘက်မှာ လူမှု ကယ်ဆယ်ရေး အဖွဲ့ အစည်းတွေ ထောက်ပံ့ ကူညီမှုတွေ ပြုလုပ်နိုင်အောင်မြန်မာအစိုးရ အနေနဲ့ ရေရှည် တာဝန် ယူပေးသင့်တယ်လို့ အမေရိကန် အခြေစိုက် လူ့အခွင့် အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့က ပြောလိုက် ပါတယ်။

ဇွန်လ ကတည်းက စတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်ပစ် ထွက်ပြေးရသူ ငါးသောင်းလောက် ထိရှိတယ်လို့ လူ့အခွင့်အရေး အဖွဲ့က ခန့်မှန်းပြီး အတော် များများဟာ ကူညီ ထောက်ပံ့မှုတွေ အရေးတကြီး လိုအပ်နေ တယ်လို့ ဆိုပါတယ်။

ခုလ အစောပိုင်းက အစိုးရက ကုလ သမဂ္ဂ အဖွဲ့ တချို့ကို ဝင်ခွင့် ပြုခဲ့ပေမယ့် အကူအညီ အတန် အသင့်သာ ပေးနိုင်တယ်လို့ ပြောပါတယ်။

UNOCHA နဲ့ ယူနီဆက်ဖ အဖွဲ့တွေ ခုလ အစောပိုင်းက ကချင်ကို သွားရောက် နိုင်ခဲ့ ပါတယ်။

စစ်ပြေး ဒုက္ခသည်တွေကို အဓိက အကူအညီ ပေးနေသူတွေက ဒေသတွင်းက အဖွဲ့အစည်း တခုစ နှစ်ခုစသာ ဖြစ်ပြီး သူတို့ဆီမှာလည်း ပစ္စည်း ပစ္စယ အကန့်အသတ်နဲ့သာ ရှိကြတယ် လို့ လူ့အခွင့် အရေး အဖွဲ့က ပြောလိုက်ပါတယ်။

ဒီဇင်ဘာလ ဆယ်ရက်က သမ္မတက ကချင် ပြည်နယ်မှာ ကေအိုင်အေကို စစ်ဆင်ရေးလုပ် နေတာတွေ ရပ်ဖို့ စစ်တပ်ကို ညွှန်ကြားခဲ့တယ် ဆိုပေမယ့် တိုက်ပွဲတွေကတော့ ဆက်ဖြစ်ပွား နေခဲ့ပါတယ်။