နောက်ဆုံး ရေးသားချိန် 22 ဒီဇင်ဘာလ 2011 - 16:58 GMT

မွန်ပြည်သစ်ပါတီနဲ့ ငြိမ်းချမ်းရေး အဖွဲ့ဆွေးနွေး

မွန်ပြည်သစ်ပါတီရဲ့ စစ်ရေးပြပွဲ

မွန်ပြည်သစ်ပါတီရဲ့ စစ်ရေးပြပွဲ

မွန်ပြည်သစ်ပါတီရဲ့ ဗဟိုအဆင့်က ကိုယ်စားလှယ်တွေနဲ့ အစိုးရရဲ့ ရထားပို့ဆောင်ရေး ပြည်ထောင်စု ဝန်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်တဲ့အဖွဲ့ တို့ဟာထိုင်းနိုင်ငံ စံခဘူရီမြို့မှာ ဒီကနေ့ ပဏာမ တွေ့ဆုံဆွေး နွေးခဲ့ကြပါတယ်။

ဒီပဏာမတွေ့ဆုံပွဲမှာ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနဲ့အဖွဲ့ဝင် (၈)ဦးတို့က မွန်ငြိမ်း ချမ်းရေး အကျိုးတော်ဆောင် အဖွဲ့တွေအပါဝင် နိုင်ဟံသာ ဦးဆောင်တဲ့ မွန်ပြည် သစ်ပါတီ ဗဟိုကိုယ်စားလှယ်အဖွဲ့ဝင် (၅)ဦး နဲ့ လာရောက် တွေ့ဆုံခဲ့တာပါ။ ဒီဆွေးနွေးပွဲမှာ အစိုးရကိုယ်စားလှယ်တွေတင်ပြတာက အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေး အရ ဆက်လက် ဆွေးနွေးရေးနဲ့ ပင်လုံကဲ့သို့သော ကျယ်ပြန့်တဲ့ ညီလာခံတရပ် ဖေါ်ဆောင်ရေးတွေကို တင်ပြခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်ဖက်ကတော့ တပြည်လုံးအပစ်အခတ်ရပ်စဲရန် လိုအပ်ကြောင်း နဲ့ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးတို့ကို အဖွဲ့ခေါင်းဆောင်ဖြစ်သူ နိုင်ဟံသာကတင်ပြခဲ့ပါတယ်။ ဒါပေမဲ့ ဒီဆွေးနွေးပွဲမှာတော့ သဘော တူ ညီချက် တစုံတရာမရရှိဘဲနဲ့ ပြီးဆုံးသွားသလို လာမယ့် ဇန္နာဝါရီလမှာ ထပ်မံတွေ့ဆုံရန်လည်း အစိုးရကိုယ်စားလှယ်ဖက်က တောင်းဆိုထားပါတယ်။

မွန်ပြည်သစ်ပါတီကိုယ်စား လှယ်ကတော့ အထက်ကိုတင် ပြပေးပါ့မယ်လို့ အဖြေပေးခဲ့ပါ တယ်။ မွန်ပြည်သစ်ပါတီသည်၊ အပစ်အခတ်ရပ်စဲလိုသည့် သဘော မတွေ့ရဘူးလို့ အစိုးရဖက်က ပါလာသည့် အကျိုးဆောင်တဦး က ပြောပါတယ်။ ဒီတွေ့ဆုံမှုဟာ ပြည်ထောင်စငြိမ်းချမ်းရေးဖေါ်ဆောင်ရေး အဖွဲ့နဲ့မွန်ပြည်သစ်ပါတီ ဗဟိုအဖွဲ့တို့ရဲ့ ပထမ အကြိမ်တွေ့ ဆုံမှုဖြစ်သလို ပြီးခဲ့သည့် အောက်တိုဘာလတုန်းကလည်း ပြည်နယ်အစိုးရ ကိုယ်စားလှယ်အဖွဲ့တွေနဲ့ မွန်ပြည်နယ် ရေးမြို့မှာ တွေ့ဆုံခဲ့ဘူးပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။