ထိုင်းရှိ မြန်မာ အလုပ်သမား ယာယီလက်မှတ်ကိုင်ရေး

  • 24 ဒီဇင်ဘာ 2011
burmese_workers
Image caption ထိုင်းရောက် မြန်မာ အလုပ်သမားများ

ထိုင်းနိုင်ငံ ရောက် မြန်မာ အလုပ်သမား တွေကို ယာယီ နိုင်ငံကူး လက်မှတ် ထုတ်ပေးဖို့ ရုံးခွဲ ငါးနေရာ ဖွင့်ဖို့ အတွက် နဲ့ အလုပ်သမားရေးရာ ဆွေးနွေး ရေးအတွက် မြန်မာနိုင်ငံ အလုပ်သမား ဝန်ကြီးဌာန က ထိတ်တန်းအရာရှိ တွေ ထိုင်းနိုင်ငံ ကို ရောက်လာပါတယ်။

မြန်မာအလုပ်သမား အများစု ရှိတဲ့ ဘန်ကောက်၊ ချင်းမိုင်၊ စူရတ်ထာနီး၊ စမွတ်ပရာ့ကမ်း၊ မဟာချိုင်း တို့မှာ နိုင်ငံသား စီစစ်ပြီး ယာယီ နိုင်ငံကူး လက်မှတ် ထုတ်ပေးဖို့ အတွက် အလုပ်သမား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်း၊ ညွှန်ကြားရေးမှူးချုပ် ဦးချစ်စိန် နဲ့ သံအမတ်ကြီး ဦးအောင်သိန်း အပါအဝင် ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးဌာန က တာဝန်ရှိသူတွေနဲ့ ရုံးဖွင့်မယ့် နေရာတွေကို သွားရောက်လေ့လာ ကြပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမား အရေးကို ဆောင်ရွက်ပေးမယ့် အလုပ်သမား အရေးကို ဆောင်ရွက်ပေးမယ့် အလုပ်သမား ဝန်ကြီးဌာန က တာဝန်ခံ တဦးကိုလည်း ဘန်ကောက် သံရုံးမှာ တာဝန်ချထားပြီး ဖြစ်ကြောင်း ညွှန်ချုပ် ဦးချစ်စိန် က ဘီဘီစီ ကို ပြောပါတယ်။

ဒါ့အပြင် အလုပ်သမား ဝန်ကြီး ဦးအောင်ကြည် ဦးဆောင်တဲ့ ပြည်ပရောက် အလုပ်သမား ကြီးကြပ်ရေး အဖွဲ့ ကို မေလ ကုန်ပိုင်းက ဖွဲ့စည်းလိုက်ပြီး အလုပ်သမားတွေ ရဲ့ နစ်နာမှုတွေ ကို ကူညီဖြေရှင်း သွားမယ်လို့ ညွှန်ချုပ် ဦးချစ်စိန် က ဘီဘီစီ ကို ရှင်းပြပါတယ်။