ဘင်္ဂလားဒေ့ရှ် နယ်စပ် က လူမှောင်ခို တွေ

  • 27 ဒီဇင်ဘာ 2011
ရိုဟင်ဂျာ ဒုက္ခသည်တွေ ဓာတ်ပုံ မူပိုင် AFP
Image caption မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း က လှေစီးပြေး ဒုက္ခသည် တွေ

ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီးဌာန က ဘင်္ဂလားဒေ့ရှ် က နေ မလေးရှား နဲ့ ထိုင်း ကို ပင်လယ် လမ်းကြောင်း က တဆင့် စက်လှေ တွေ နဲ့ လူမှောင်ခို တင်ပို့သူတွေ လို့ သံသယ ဖြစ်ခံထားရတဲ့ လူ ၃၆ ဦးကို ဖမ်းဆီးဖို့ တနင်္လာနေ့ က အမိန့် ထုတ်ပြန် လိုက်ပါတယ်။

အဲဒီ လူမှောင်ခိုကူးသူလို့ မသင်္ကာခံရတဲ့ လူ တွေ ဟာ မြန်မာ ဘင်္ဂလားဒေ့ရှ် နယ်စပ် ဘင်္ဂလား ဒေ့ရှ် နိုင်ငံ ဘက်ခြမ်း ကော့စ်ဘဇား ခရိုင် မှာ နေထိုင်သူတွေ ဖြစ်ပြီး အဲဒီလို လူမှောင်ခို တင်ပို့တဲ့ လုပ်ငန်းကို လုပ်ကိုင်နေတာ ၅ နှစ်ကနေ ၁၀ နှစ် ကာလ အတွင်း ရှိနေပြီ လို့လည်း ဘင်္ဂလားဒေ့ရှ် အစိုးရ အရာရှိတွေ က ပြောပါ တယ်။

ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးက သူတို့ အမည်စာရင်းတွေ ကို အစိုးရထံ တင်ပြအပြီးမှာ ခုလို ဖမ်းဆီးဖို့ အမိန့်ထွက်လာတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လတွေအတွင်း ဘင်္ဂလားဒေ့ရှ် က ထွက်ခွာလာတဲ့ လူမှောင်ခို တင်စက်လှေ တွေ ပင်လယ်ထဲမှာ တိမ်းမှောက်ခဲ့ပြီး လူအများအပြား သေဆုံးခဲ့ရတဲ့ နောက်ပိုင်း အခုလို လူ မှောင်ခို တင်ပို့ တဲ့ သူတွေ ကို ဖမ်းဆီးဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရ ပိုင်း က ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ဒီလူမှောင်ခို စက်လှေ တွေ ထဲမှာ မြန်မာပြည် ဘက်က လူတွေ လည်း အမြဲလိုလို လိုက်ပါ တတ်ကြပြီး ပင်လယ် မှာ သေဘေး ကြုံတွေ့ ခဲ့ရတဲ့ အဖြစ်တွေ အများအပြား ဖြစ်ခဲ့ ပါတယ်။