စစ်တွေဆိပ်ကမ်း တည်ဆောက်မှု လူထုထိခိုက်

  • 26 ဒီဇင်ဘာ 2011
sittwe_
Image caption သဲတူးစင် တွေနဲ့ သဲတွေ အမြောက်အများသယ်။

စစ်တွေမြို့မှာ ဆိပ်ကမ်းတည်ဆောက်နေတဲ့ အိန္ဒိယ ကုမ္ပဏီ အက်ဆာ ပိုင် ကားကြီး၊ကားငယ် စင်းရေ( ၁ဝဝ) နီးပါးဟာ သဲတွေကို စည်းကမ်းမဲ့ သယ်ယူမှု ပြုနေလို့ သဲမှုန်တွေ လွင့်ရာက စစ်တွေလူထု ကျန်းမာရေး ထိခိုက်နေကြပါတယ်။

သဲတွေကို ပင်လယ် ဆိပ်ကမ်းကနေ ညလုံးပေါက် သယ်ယူနေတဲ့ အတွက် ကားလမ်း တလျှောက်ရှိ အိမ်တွေ၊ မျက်စိဆေးရုံ အပါအဝင်၊ လူတွေပါ သဲမှုန်တွေကြောင့် ကျန်းမာရေး ထိခိုက်နေကြပါတယ်။

မြို့ခံလူထု က ဝိုင်းဝန်းကန့်ကွက် ရာမှာ ခေတ္တ ရပ်နားပေမယ့် ရက်ပိုင်းအတွင်း သဲတွေ လူးလာ ခေါက်ပြန် သယ်ယူမှု ပြုပါတယ်။

ပတ်ဝန်းကျင် ထိန်းသိမ်းမှု အရရော၊ ကျန်းမာရေး အရပါ ထိခိုက်မှု ရှိပါရက် နဲ့ ဘာကြောင့် ဆက်လက်လုပ်ကိုင်နေကြောင်း၊ ထိရောက်တဲ့ အရေးယူမှု မပြုတာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော် အမတ် ဦးအောင်မြကျော် ကို မေးကြည့်ရာမှာတော့ ပြည်နယ် အစိုးရမှာ တိကျ ပြတ်သားတဲ့ ဆုံးဖြတ်ချက် မချ နိုင်တာကြောင့် အခုလိုဖြစ်ရပုံ ဘီဘီစီ ကို ရှင်းပြပါတယ်။