KIA နဲ့ အစိုးရ စစ်တပ် တိုက်ပွဲ ဆက်ဖြစ်

  • 27 ဒီဇင်ဘာ 2011
KIA ဓာတ်ပုံ မူပိုင် AP
Image caption အစိုးရ စစ်တပ်ဘက်က သိမ်းဆည်းရမိတဲ့ လက်နက်နဲ့ ကျည်များ

ရှမ်းပြည်မြောက်ပိုင်းကေအိုင်အေတပ်မဟာ လေး နယ်မြေမှာခရစ္စမတ်နေ့ကစပြီး မနေ့ ကထိ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်။

လက်နက်ကြီးတွေနဲ့ အစိုးရဘက်က စပစ်လာပြီး အဆိပ်ငွေ့ ပါတဲ့ ဗုံးသီးတွေပါ အသုံးပြုတာတွေ့ ရတယ်လို့ KIA တပ်မဟာ လေး တာဝန်ခံ ဗိုလ် မှုးကြီး ဇော်ရော်က ပြောပါတယ်။

စစ်တပ်ဘက် လက်နက်ကြီးတွေနဲ့ရှစ်ချက်ပစ် ခတ်ခဲ့ပြီး မနေ့ကတော့ သုံးဆင့်ကွဲ လက်နက်ကြီးတွေ အသုံးပြုခဲ့သလို အဆိပ်ငွေ့ ပါတဲ့ ဗုံးသီးတွေကြောင့် ကေအိုင်အေ တပ်သားတွေ မူးဝေ အော့အန်တာတွေ ရှိတယ်လို့ ပြောပါ တယ်။

ဒါပေမယ့် KIA ဘက်က အထိအခိုက် အကျ အဆုံး မရှိဘူးလို့ ပြောပြီး စစ်တပ်ဘက်က တော့ လေးငါးဆယ် လောက်ထိ ကျနိုင်တယ်လို့ ဗိုလ်မှုးကြီး ဇော်ရော်က ခန့်မှန်း ပါတယ်။

တကယ်တော့ သမ္မတ ဦးသိန်းစိန် ကိုယ်တိုင်က အပစ် ရပ်ဖို့ စစ်တပ်ကို ညွှန်ကြားထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် တိုက်ပွဲတွေ ကြိုကြား ဆက်ဖြစ် နေသလို ခုရက်ပိုင်း အတွင်းမှာ ဆက်တိုက်ဆို သလို စစ်တပ်ဘက်က စ တိုက်လာတာကြောင့် အံ့အား သင့်မိတယ်လို့ ဗိုလ်မှုးကြီး ဇော်ရော်က ဘီဘီစီကို ပြောပြ ခဲ့ပါတယ်။