အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အင်းစိန်ထောင် လေ့လာ

  • 27 ဒီဇင်ဘာ 2011
Insein Prison ဓာတ်ပုံ မူပိုင် AFP
Image caption မြန်မာ အစိုးရက နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ဆို

မြန်မာ နိုင်ငံ အမျိုးသား လူ့ အခွင့် အရေး ကော်မရှင် ဥက္ကဌ ဦးဝင်းမရ ခေါင်းဆောင် တဲ့ ၈ ဦးပါ လူ့ အခွင့်အရေး ဆိုင်ရာ အဖွဲ့ တခုဟာ ဒီကနေ့မှာ အင်းစိန် အကျဉ်း ထောင် ကို သွားရောက် ပြီး အခြေ အနေ ကို လေ့လာ ခဲ့ကြ ပါတယ်။

မြန်မာ အစိုးရက တရားဝင် ဖွဲ့စည်း ပေးထားတဲ့ အမျိုးသား လူ့ အခွင့်အရေး ကော်မရှင် ဟာ အကျဉ်းထောင် တွေကို ခုတကြိမ် မှာ ပထမဆုံး သွားရောက် လေ့လာ ခဲ့တာ ဖြစ်ပါတယ်။

ထောင်ထဲမှာ အကျဉ်းသား တချို့နဲ့ တွေ့ဆုံခွင့် ရခဲ့ပြီး အခြေအနေ တွေကို လည်း အတော် များများ သိခွင့် ရခဲ့ တယ်လို့ ဦးဝင်းမရ ကဘီဘီစီကို ပြောပေမယ့် ရက်အနည်းငယ် ကြာနိုင်တဲ့ သူတို့ရဲ့ လေ့လာမှုတွေ မပြီးသေးခင် အသေးစိတ်ကို ထုတ်ဖော် ပြောဆိုဖို့ မရှိ ကြောင်းလည်း ပြောပါတယ်။

မြန်မာ နိုင်ငံက အကျဉ်းထောင် တွေမှာ အကျဉ်းသား တွေကို လုံလောက်တဲ့ စားနပ် ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်မှု မပေးတာ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု တွေလည်း ဆိုးဆိုး ရွားရွား ရှိနေကြောင်း နိုင်ငံရေး အကျဉ်းသား အခွင့်အရေး လှုပ်ရှားသူ တွေက ပြောပါတယ်။