ကြားဖြတ်ရွေးကောက်ပွဲ ဧပြီ ၁ရက် နေ့လုပ်မည်

  • 30 ဒီဇင်ဘာ 2011
myanmar parliament
Image caption လက်ရှိ လွှတ်တော်ကို ကြံ့ခိုင်ရေးက စိုးမိုးထား

ကြားဖြတ် ရွေးကောက်ပွဲ တွေကို လာမဲ့ ဧပြီလ ၁ ရက်နေ့မှာ ကျင်းပ သွားမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးကိုကိုက ဘီဘီစီကို အတည်ပြု ပြောကြား လိုက်ပါတယ်။

ဒီနေ့ တနင်္လာနေ့ညမှာပဲ မြန်မာ့ ရုပ်မြင် သံကြားကတဆင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကလည်း တရားဝင် ကြေညာ သွားပါတယ်။

အခုလို ကြေညာခဲ့တဲ့ အချိန်ကနေ တလ အတွင်းမှာ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်း အပြည့်အစုံကို ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြရမှာလည်း ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ် နိုဝင်္ဘာလမှာ ပြုလုပ်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပါတီ တချို့က ဆန့်ကျင် ကန့်ကွက် သပိတ်မှောက်ခဲ့ ကြပါတယ်။

အခုကြားဖြတ်ရွေးကောက်ပွဲမှာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

လက်ရှိလွှတ်တော် အသီးသီးမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အများစုနေရာတွေကို ရယူထားပြီး လာမယ့် ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ကြံ့ခိုင်ရေး ပါတီတို့ဟာ အဓိက ပြိုင်ဘက်တွေ ဖြစ်လာကြမယ်လို့ အများက ခန့်မှန်းထားကြပါတယ်။