အန်အယ်ဒီ ပညာရေး ရန်ပုံငွေပွဲ စည်ကား

  • 30 ဒီဇင်ဘာ 2011
Aung San Suu Kyi ဓာတ်ပုံ မူပိုင် Reuters
Image caption ရံပုံငွေပွဲ ရဲ့ ဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောခဲ့

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တိုင်းရင်းသား ဒေသတွေမှာ ပညာရေး အတွက် ကူညီ ဆောင်ရွက် ပေးဖို့ ရန်ပုံငွေ ရှာဖွေတဲ့ ဂီတပွဲ တခုကို ရန်ကုန်မြို့ မှာ ကျင်းပ ခဲ့ပါတယ်။

မင်းဓမ္မလမ်း မှာရှိတဲ့ Myanmar Convention Centre မှာ ကျင်းပတဲ့ အဲဒီ ရန်ပုံငွေ ပွဲကို ဒေါ်အောင်ဆန်း စုကြည်က ဖွင့်လှစ် ပေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး အတွက် ညီညွတ်ရေးဟာ အရေးကြီးတယ်လို့ ဖွင့်ပွဲ မိန့်ခွန်း မှာထည့်သွင်း ပြောကြား ခဲ့ပါတယ်။

ဂီတ ဖျော်ဖြေ ပွဲကို လူ ၁၅၀၀၀ လောက် လာရောက်ပြီး တေးသံရှင် ၉၀ လောက်က ဖျော်ဖြေ ခဲ့ကြတယ်လို့ အန်အယ်ဒီ လူမှုရေး လုပ်ငန်း တွေမှာ ကူညီ ဆောင်ရွက် နေတဲ့ ကိုရာဇာက ဘီဘီစီကို ပြောပါတယ်။

ဒီရံပုံငွေ ပွဲက ရတဲ့ ငွေတွေကို တိုင်းရင်းသား ဒေသတွေမှာ ပညာရေး လိုအပ်ချက် အတွက် အသုံးပြု သွားမှာ ဖြစ်တယ်လို့ အန်အယ်ဒီ ပါတီက ဆိုပါတယ်။