ဂျော့ဆိုးရော့စ် ဒေါ်စုနဲ့တွေ့မယ်

  • 30 ဒီဇင်ဘာ 2011
Image caption ဂျော့ဆိုးရော့စ် မြန်မာနိုင်ငံ ရောက်

မြန်မာ့အရေး လှုပ်ရှားသူတွေကို ငွေကြေး အကူအညီတွေ ပေးခဲ့ပြီး Open society Institute နဲ့ Soros foundation တို့ရဲ့ တည်ထောင်သူလည်း ဖြစ်တဲ့ ဂျော့ ဆိုးရော့စ် ဟာ မြန်မာနိုင်ငံကို ၈ ရက်ကြာ ခရီးစဉ်အဖြစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က စတင် ရောက်ရှိနေပါတယ်။

ဂျော့ ဆိုးရော့စ်ဟာ ဇန်နဝါရီလ ၂ ရက်နေ့မှာ အစိုးရ ဝန်ကြီး နှစ်ဦးအပါအဝင် သမ္မတ ရဲ့ အကြံပေး ဦးကိုကိုလှိုင်၊ ဦးနေဇင်လတ်တို့နဲ့ အတူ နေပြည်တော်မှာ တွေ့ဆုံဖို့ရှိပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ရန်ကုန်မြို့မှာ တွေ့ဆုံမယ်လို့ သိရပါတယ်။

စတော့ ရှယ်ယာ စျေးကွက်တွေမှာ အရောင်းအဝယ်လုပ်ပြီး ချမ်းသာကြွယ်ဝလာသူ ဂျော့ဆိုးရော့စ်ဟာ သူ့ရဲ့ ကူညီထောက်ပံ့ငွေတွေနဲ့ မြန်မာနိုင်ငံမှာ ပရောဂျက်လုပ်ငန်း တချို့ ပြုလုပ်ထားသူလည်း ဖြစ်ပါတယ်။