နောက်ဆုံး ရေးသားချိန် 31 ဒီဇင်ဘာလ 2011 - 15:28 GMT

'လွတ်လပ်ခြင်း အနုပညာ' ရုပ်ရှင်ပွဲတော် ဖွင့်လှစ်

အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့

မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၃၁ ရက်နေ့ ကနေ ဇန္နဝါရီ ၄ ရက်နေ့ အထိ ကျင်းပသွားမယ့် 'လွတ်လပ်ခြင်း အနုပညာ' ရုပ်ရှင်ပွဲတော် အတွက် ရန်ကုန်မြို့ တော်ဝင်စင်တာမှာ စနေနေ့က ဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ပါ တယ်။

ဒီဖွင့်ပွဲအခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့ပြီး၊ လူရွှင်တော် ဇာဂနာကလည်း ဆုပေးမယ့် အစီ အစဉ်ကို ရှင်းပြခဲ့ပါတယ်။

ဒီရုပ်ရှင်ပွဲတော်ကိုတော့ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံကျော် လူရွှင်တော် ဇာဂနာနဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးတို့က ကမကထပြု ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ရုပ်ရှင်ပွဲတော်မှာ ဝင်ရောက်ယှဉ်ပြိုင်လာတဲ့ ရုပ်ရှင်ကား ၁၈၈ ကား ထဲကနေ ရွေးချယ်ခဲ့ပြီး ဖြစ်တဲ့ ၅၄ ကားကို အခု ရုပ်ရှင်ပွဲတော်မှာ ပြသသွားမှာ ဖြစ်ပါတယ်။

ဒီဖွင့်ပွဲအခမ်းအနားကို လူပေါင်း ရာနီချီပြီး တက်ရောက်ခဲ့တယ်လို့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ အခုလောက် ကြီးကျယ်တဲ့ ရုပ်ရှင်ပွဲတော် တခါမှ မလုပ်ဘူးသေးပဲ ဒါ ပထမဦး ဆုံး ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။