ဓါတ်ဆီစျေး မြှင့်တင်

  • 2 ဇန်နဝါရီ 2012
petrolpump
Image caption ဓါတ်ဆီစျေး မြှင့်တင်

မြန်မာနိုင်ငံမှာ ၂ဝ၁၂ ခု နှစ်ဆန်း ၁ ရက်နေ့ မှာဘဲ အစိုးရ ဓါတ်ဆီစျေး နှုန်း ဟာ ကြိုတင် အသိ ပေးခြင်း မရှိဘဲ ရုတ်တရက် စျေးတက်သွားပါတယ်။ ဓါတ်ဆီ တဂါလံ ကို ကျပ်ငွေ ၂၅ဝဝ ကနေ ၃၃၅ဝ ကျပ် အထိ တိုးမြင့် သွားတဲ့ အတွက် ၃ဝ ရာခိုင်နှုန်း ကျော် တက်သွားတါပါ။

စျေးမတက်မီ လ ပိုင်းကတော့ ဓါတ်ဆီစျေး တက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ် နေကြောင်း ရန်ကုန်မှ အငှားကား ပြေးဆွဲသူက ဘီဘီစီ ကို ပြောပြပါတယ်။ ပြင်ပ ပေါက်စျေး အရတော့ ကျပ်ငွေ ၄၅ဝဝ ရှိကြောင်း သိရပါတယ်။

ဓါတ်ဆီစျေး တက်ပေမယ့် ဒီဇယ်ဆီ နဲ့ အောက်တိန်း စျေးမတက်ဘူး လို့ သိရပါတယ်။ ပေးနေကျ ဓါတ်ဆီ ၂ ဂါလံ တော့ ရရှိဆဲ ဖြစ်ပါတယ်။ အခုလို ဓါတ်ဆီစျေး မြင့်တက်သွားတဲ့ အတွက် တိုင်ဆီ အငှား ကား မောင်းသူတွေ အနေနဲ့ ကားခ ပိုတောင်းရုံ ဘဲ ရှိတဲ့ အကြောင်း၊ မူလက ကျပ်ငွေ ၂ဝဝဝ တန် ခရီး ကို ၂၃ဝဝ၊ ၂၅ဝဝ၊ စသဖြင့် တောင်းခံရဘွယ် ရှိကြောင်း ဘီဘီစီ ကို ပြောပါတယ်။

ကုန်စည်သယ်ပို့ နေတဲ့ ကုန်တင်ကားတွေ အနေနဲ့ ဓါတ်ဆီစျေး တက်လာတါ နဲ့ အမျှ ကုန်သယ်ခ ပါ တက်လာဘွယ် ရှိနိုင်ပုံ၊ ကုန်စျေးနှုန်း လည်း တက်လာနိုင်ခြေ ရှိပါတယ်။ အခုလို ဓါတ်ဆီစျေး တိုးမြှင့်ရ ခြင်း အကြောင်းရင်း က အာဆီယံ နိုင်ငံ တွေက စျေးနှုန်းတွေ အတိုင်း ဖြစ်အောင် တက်လာတယ် ဆိုတဲ့ သတင်းတွေ ထွက်နေပုံ ကို တိုင်ဆီ မောင်းသူ က ဘီဘီစီ ကို ပြောပြ ပါတယ်။