၆၄နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပ

  • 4 ဇန်နဝါရီ 2012

၆၄နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွေကို နေပြည်တော်အပါအဝင် မြန်မာနိုင်ငံ တဝှမ်းမှာ ကျင်းပခဲ့ကြပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်လပ်ရေးနေ့ မိန့်ခွန်း သဝဏ်လွှာထဲမှာ တပ်မတော်ရဲ့ အခန်း ကဏ္ဍ အရေးပါပုံကို အဓိကထားပြောသွားပြီး အင်အားကြီး နိုင်ငံတွေ လွှမ်းမိုး ချုပ်ကိုင် လာနိုင်တာကို ပြည်သူတရပ်လုံး သတိပြု ပူးပေါင်း ကာကွယ်ကြဖို့ ကိုလည်း ပြောသွား ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption လွတ်လပ်မှုဟာ လူတိုင်းနဲ့ ထိုက်တန်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ် မှာ ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနား မှာတော့ ဒေါ်အောင်ဆန်း စုကြည်က လွတ်လပ် ရေး ခေါင်းဆောင်ကြီးတွေ အနေနဲ့ လူတိုင်းဟာ လွတ်လပ်မှုနဲ့ ထိုက်တန်တယ်ဆိုတဲ့ ယုံကြည် ချက်နဲ့ ဒီလို ထိုက်တန်တယ်ဆိုတာကို ကမ္ဘာက သိအောင် ပြနိုင်ရမယ်ဆိုတဲ့ သံဓိဌာန် ချခဲ့ကြ ကြောင်း၊ ဒီ ယုံကြည်ချက်၊ ဒီသံဓိဌာန်ကို နောက်လူတွေက ဆက်လက်ကိုင်စွဲသွားဖို့ လိုကြောင်း သူ့မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။

အစိုးရသစ် တက်အပြီး သမ္မတ ဦးသိန်းစိန်ရဲ့ ပထမဆုံး လွတ်လပ်ရေးနေ့ မိန့်ခွန်းကို ကြည့်ခြင်းအားဖြင့် အခု အစိုးရသစ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေပေါ်မှာ အခြေခံတဲ့ အပြောင်းအလဲမျိုးမှာပဲ ဆက်သွားမှာ ဖြစ်ပြီး တခြား ပုံစံမျိုးနဲ့ ဖြစ်လာမယ့် အပြောင်း အလဲမျိုးကို လက်ခံမှာ မဟုတ်ဘူး ဆိုတဲ့ အနေအထားမျိုး ပြောသွားတယ်လို့ ယူဆရ ကြောင်း အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီ အဖွဲ့ သုတေသနဆိုင်ရာ ညွှန်ကြားရေးမှူး ဦးမင်းဇော်ဦးက သုံးသပ်ပါတယ်။