စစ်တွေ ဆိပ်ကမ်း နေရာပြောင်းဖို့ စာတွေ ပျံ့နေ

  • 4 ဇန်နဝါရီ 2012
sittwe
Image caption စစ်တွေ ဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်း

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အိန္ဒိယ ကုမ္ပဏီ တခု က တည်ဆောက်နေတဲ့ ဆိပ်ကမ်းကို စစ်တွေ မြို့ထဲကနေ တခြား သင့်တော်တဲ့ နေရာ တစ်ခုကို ရွှေ့ပေးဖို့ စာရွက် စာတမ်း တွေ ဖြန့်ဝေတဲ့ လူပ်ရှားမူ တစ်ခု ဗုဒ္ဓဟူးနေ့ က ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ကြပါတယ်။

စစ်တွေမြို့မှာ တည်ဆောက်နေတဲ့ ဆိပ်ကမ်း သစ် ကို တခြားသင့်တော် တဲ့နေရာ တစ်ခု ကို ပြောင်းရွှေ့ ပေးဖို့ တောင်းဆို ရတာ ကတော့ အဲဒီ ဆိပ်ကမ်း သစ်ကို စစ်တွေမြို့ ရဲ့ အချက်အချာ ကျတဲ့ နေရာမှာ တည်ဆောက်တာကြောင့် သဘာ၀ပတ်၀န်းကျင် ပျက်စီးမူတွေ အကြီးအကျယ် ဖြစ်ပေါ်နေတဲ့ အပြင် စစ်တွေမြို့ ရဲ့ လှပ လှတဲ့ မင်းကြီး ကျောက်တန်းကို ပျက်စီး ဆုံးရှုံး သွားနိုင် ပါတယ်။

ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်း တွေအတွက် မြို့တွင်းမှာ သဲတွေ သယ်ယူမှု ကြောင့် သဲမှုန် တွေက လေထု ညစ်ညမ်းမူတွေ ဖြစ်နေပေါ်နေတယ်လို့ လည်း သူတို့ ရေးသား ဖြန့်ဝေ တဲ့ စာထဲမှာ ရေးသား ထားတယ် လို့ သိရပါတယ်။

အခုအချိန်ထိတော့ အာဏာပိုင်တွေက စာဖြန့်ဝေတာနဲ့ ပတ်သက်လို့ အရေးယူတာမျိုး မရှိ သေးပါဘူး။

တည်ဆောက်နေတဲ့ ဆိပ်ကမ်းသစ်ဟာ စစ်တွေမြို့ ဆေးရုံကြီးနဲ့ လည်း အထူး နီးကပ်နေပြီး အခု တည်ဆောက် နေချိန်မှာလည်း မြို့လူထုကျန်းမာရေး ကို ထိခိုက်နေတဲ့ အတွက် ဆိပ်ကမ်း ဖြစ်လာတဲ့ အခါမှာလည်း လုပ်ငန်းခွင်က ဆူညံမူတွေကြောင့် ပိုပြီး ထိခိုက်လာ မှာကြောင့် စစ်တွေ ဆိပ်ကမ်းသစ်ကို အခုနေရာကနေ တစ်ခြားနေရာကို ရွှေ့ပေးဖို့ မြို့လူထုကလည်း အထူးလိုလား နေတာဖြစ်ကြောင်း လည်း သိရပါတယ်။